Connect with us

Videos

တရုတ်နိုင်ငံအကူအညီဖြင့် ထိုင်းနိုင်ငံ၌မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်း ပထမအဆင့် စတင်

ကူမင်း၊ ဒီဇင်ဘာ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအကူအညီဖြင့်ထိုင်းနိုင်ငံဘန်ကောက် မြို့တော်နှင့် နာခွန်ရတ်ချာစီမာ ပြည်နယ်ကို ဆက်သွယ်ဖောက်လုပ်မည့်မြန်နှုန်းမြင့်ရထားလမ်း ပထမအဆင့် ကိုစတင်ဆောင်ရွက်လျက် ရှိပြီဖြစ်သည်။ ထိုရထားလမ်းစီမံကိန်းဖြင့် ထိုင်းနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး စနစ်ကို အဆင့်မြှင့်တင်စေမည်ဖြစ်ပြီး ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှှုကိုမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ အဆိုပါ ရထားလမ်း ပထမအဆင့်မှာ ၂၅၃ ကီလိုမီတာ ရှိပြီး ထိုင်းနိုင်ငံ ဘန်ကောက်နှင့် နာခွန်ရတ်ချာစီမာ ပြည်နယ်တို့ကိုချိတ်ဆက် မည်ဖြစ်သည်။ ရထားလမ်းဒီဇိုင်း၊ တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုနှင့် ရထားနှင့် အချက်ပြစနစ်ထုတ်လုပ်မှုများကို တရုတ်နိုင်ငံက တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ ထို ရထားလမ်းပြီးမြောက်ပါက ထိုင်းနိုင်ငံအတွင်း ပထမဆုံး တစ်နာရီလျင် အမြန်ဆုံးကီလိုမီတာ ၂၅ဝ သွားလာနိုင်သည့် မြန်နှုန်းမြင့်ရထားဝန်ဆောင်မှုရရှိနိုင်တော့မည်ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.