Videos
တရုတ်နိုင်ငံ၏ ကြွေထည်လုပ်ငန်း အီဂျစ်တွင်စိတ်ဝင်စားသူများပြားလာ
ကိုင်ရို၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ထုတ် ကြွေထည်ပစ္စည်းများမှာ တစ်ကမ္ဘာလုံးတွင် နံမည်ကျော်ကြားပြီးလူကြိုက်များလျက်ရှိသည်။ အီဂျစ်နိုင်ငံသည်လည်း ရှည်လျားလှသည့် သမိုင်းကြောင်းတစ်လျှောက် လက်ရာမြောက်သည့်ကြွေထည်ပစ္စည်းများ ထွက်ရှိရာ နိုင်ငံဖြစ်သည်။ အီဂျစ်နိုင်ငံ ကိုင်ရို မြို့တွင် တရုတ်ရိုးရာ လက်မှု ကြွေထည်လုပ်ငန်းကို စိတ်ပါဝင်စားသူ များပြားလာပြီး သင်ယူလေ့လာလိုသူများလည်းရှိ နေပြီဖြစ်သည်။ တရုတ် လက်မှုပညာရှင် လီဟုန်လျန်ဆိုသူက အခြား အီဂျစ်လက်မှုပညာရှင်၊ ဝါသနာရှင်များနှင့်ပူးပေါင်းကာ မတူညီသော အီဂျစ် တရုတ် ကြွေထည်ပစ္စည်း လက်မှု အနုပညာရပ်များပေါင်းစပ်သည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ခု ပြုလုပ်ခဲ့ရာမှ အီဂျစ်လူမျိုးများအကြားတရုတ်ရိုးရာ လက်မှု ပစ္စည်းကြွေထည်လုပ်ငန်းကို ထိုးဖောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)