Connect with us

Videos

Drone ဖျော်ဖြေပွဲ

ရှန်ဟိုင်း၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် ပြင်သစ်နိုင်ငံမှ drone ကျွမ်းကျင်ပညာရှင်များ အဖွဲ့က drone ၈ စင်းဖြင့် ၃ မိနစ်တာ ဖျော်ဖြေမှုများပြုလုပ်ခဲ့ကြသည်။ အဆိုပါ drone များမှာ အခန်းကျဉ်းအတွင်း၌ပင် အသုံးပြုနိုင်သည့် အလင်းရောင်အာရုံခံစနစ်နှင့် ကင်မရာတို့ကိုတပ်ဆင်ထားခြင်းဖြစ်သည်။ လူဖြင့်ထိန်းချုပ်မောင်းနှင်သည့် drone များနှင့်မတူဘဲ ၎င်းတို့အား programme ရေးဆွဲကာ ထိန်းချုပ်ရခြင်းဖြစ်သည်။ တည်နေရာအတွက် GPS စနစ်ဖြင့် ထိန်းချုပ်ထားသည်။ drone ၈ စင်းဖြင့် မောင်းနှင်ဖျော်ဖြေသည့်အခါ တွင်လည်း တစ်စီးနှင့်တစ်စီးတိုက်မိခြင်းမရှိအောင် ရောင်စုံ ဘလောက်တုံးလေးများဖြင့် တပ်ဆင်အချက်ပြသည့် စနစ်ပြုလုပ်ထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.