Connect with us

Videos

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၈ နှစ်မြောက် ဂုဏ်ပြု အခမ်းအနား ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၈ နှစ်မြောက် (၁၉၄၉ – ၂၀၁၇) အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနားကို စက်တင်ဘာလ၂၆ ရက်နေ့က နေပြည်တော်၊ MICC II တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ၊ ပြည်ထောင်စု ဝန်ကြီးများ၊ တပ်မတော် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ လွှတ်တော်ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ မြန်မာနိုင်ငံ အခြေစိုက် သံရုံးများမှ သံအရာရှိကြီးများနှင့် ဖိတ်ကြားထားသော အဖွဲ့အစည်း အသီးသီးမှ ဧည့်သည် တော်များ တက်ရောက်ခဲ့ကြသည်။

ဧည့်သည်တော်များက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမိုင်းဝင် ဓာတ်ပုံများ၊ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ဓာတ်ပုံများကို ဓာတ်ပုံပြခန်းအတွင်း လှည့်လည်ကြည့်ရှုအပြီးတွင် အခမ်းအနားကို စတင်ဖွင့်လှစ်ကာ တရုတ် -မြန်မာ နှစ်နိုင်ငံတို့၏ နိုင်ငံတော် သီချင်းများဖြင့် အလေးပြုခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က အဖွင့်မိန့်ခွန်းကိုလည်းကောင်း၊ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဂုဏ်ပြုစကားကို လည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။

ဒုတိယ သမ္မတက ဂုဏ်ပြုစကား ပြောကြားအပြီးတွင် အခမ်းအနား အစီအစဉ်အရ ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့် ဇနီး၊ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် ဇနီး တို့က ဂုဏ်ပြု ကိတ်မုန့်အား အတူတကွ လှီးခဲ့ကြသည်။ ထို့နောက် တေးဂီတ၊ အကများဖြင့် ဖျော်ဖြေခြင်း၊ အမှတ်တရ စုပေါင်း ဓာတ်ပုံ ရိုက်ကူးခြင်း၊ ညစာဖြင့် တည်ခင်း ဧည့်ခံခြင်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.