Connect with us

Videos

လော့စ်အိန်ဂျလိစ်၏ လှေခါးတက်ပြိုင်ပွဲ

လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် လှေခါးထစ်တက်ပြိုင်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ ၂၄ နှစ်တိုင်ကျင်းပခဲ့ပြီးဖြစ်သည့်အဆိုပါပွဲကို ယခုနှစ်တွင် လူပေါင်း ၄ဝဝဝ စံချိန်တင် ပါဝင်ဆင်နွှဲခဲ့ပြီး ပွဲမှ ရရှိသည့်အကျိုးအမြတ်များကို လှူဒါန်းသည့်နေရာတွင်အသုံးပြုမည်ဖြစ်သည်။ ပြိုင်ပွဲတွင် မစ္စစ္စပီမြစ်အနောက်ပိုင်း တွင်အရှည်ဆုံးလှေခါးထစ်များဖြင့် ဆောက်လုပ်ထားသည့် ၁ဝဝ၅ ပေ အမြင့်ရှိ အထပ်ပေါင်း ၇၅ ထပ်အဆောက်အဦးတစ်ခုဖြစ်သော US Bank မျှော်စင်ကိုတက်ရောက်ကြခြင်းဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်သူများမှာ မျှော်စင်၏ ထိပ်ပိုင်းသို့ရောက်ရှိရန် လှေခါးထစ်အဆင့်ပေါင်း ၁၆၆၄ ဆင့်ကို တက်ရောက်ရသည်။ ၎င်းတို့အနေဖြင့် မျှော်စင်အပေါ်သို့ရောက်ရှိပြီးနောက် ပြန်အဆင်းတွင် ဓါတ်လှေခါးကို အသုံးပြုနိုင်မည်ဖြစ်ကာ လမ်းပေါ်တွင် လာရောက်စောင့်ဆိုင်းနေသူများက ဂိမ်းအစီအစဉ်များ၊ ဂီတဖျော်ဖြေမှုများ၊ အစားအသောက်ကားများနှင့် ဘီယာဥယျဉ်တို့ဖြင့်ကြိုဆိုခဲ့ကြသည်။ လော့စ်အိန်ဂျလိစ် ရှိ ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သော Ketchum-Downtown YMCAအဖွဲ့အတွက် လိုအပ်သည့်အကူအညီများကိုထည့်ဝင်ရန် ထိုပွဲကိုပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။ Ketchum-Downtown YMCAအဖွဲ့သည် လော့အိန်ဂျလိစ်မြို့တွင်းနှင့် မြို့အနီးရှိ အကူအညီလိုအပ်နေသော ကလေးငယ်များ၊ ဆယ်ကျော်သက်များ၊ မိသားစုများနှင့် သက်ကြီးပိုင်းများကို အကူအညီပေးလျက်ရှိသည့်အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.