Videos
တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲသို့မြောက်ကိုရီးယားနိုင်ငံမှ သံစုံတီးဝိုင်းသမား ၁၄ဝ ဦးစေလွှတ်ရန် သဘောတူညီ
ဆိုးလ် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့တို့သည် ဇန်နဝါရီလ ၁၅ ရက်တွင် နှစ်နိုင်ငံနယ်စပ် ပန်မွန်ဂျုံရွာ၌ တွေ့ဆုံဆွေးနွေးခဲ့ ရာ တောင်ကိုရီးယားနိုင်ငံ၌ မကြာမီကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၌ ဖျော်ဖြေတင်ဆက်ရန် မြောက်ကိုရီးယားနိုင်ငံမှ သံစုံတီးဝိုင်းသမား ၁၄ဝ ဦး စေလွှတ်နိုင်ရေး နှင့်ပတ်သက်၍ သဘောတူညီခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် သဘောတူလက်မှတ် ရေးထိုးထားသော စာရွက်စာတမ်းများကို အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားသည်။(Xinhua)