Connect with us

Videos

တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေး အီရန်နိုင်ငံသို့အလည်အပတ် ရောက်ရှိ

တီဟီရန် ၊ မေ ၂ ရက် (ဆင်ဟွာ)
တောင်ကိုးရီးယား သမ္မတ ပတ်ဂွမ်ဟေး (Park Geun-hye) သည် အီရန်နိုင်ငံ တီဟီရန်မြို့သို့ နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေရေး နှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးရန် မေလ ၁ ရက်တွင် အလည်အပတ် ခရီးစဉ် ရောက်ရှိခဲ့ကြောင်း သိရသည်။
၎င်း၏သုံးရက်တာ ခရီးစဉ်အတွင်း ကိုးရီးယားသမ္မတ ပတ်ဂွမ်ဟေးသည် အီရန်သမ္မတ ဟာဆန်ရိုဟာနီ (Hassan Rouhani) အပါအဝင် အခြား အီရန် အကြီးတန်း အရာရှိများနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ၊ ဒေသတွင်း နှင့် နိုင်ငံတကာ အရေးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု ဆိုသည်။
တီဟီရန်နှင့် ဆိုးလ် တို့သည် စွမ်းအင် နှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်မည့် နားလည်မှု စာချွန်လွှာ (MOU) စာချုပ်များကို လက်မှတ် ရေးထိုးသွားရန် ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.