Connect with us

Videos

တောင်ငူ လေတပ်စခန်းမှ လေယာဉ်ပျက်ကျ

ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

တောင်ငူမြို့ ၊ ကျွန်းကုန်းရွာနှင့် မြောက်ရေကြည်ရွာကြားတွင် ယနေ့ နံနက်ပိုင်းက တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေယာဉ်တစ်စီးပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

တောင်ငူလေတပ်စခန်းဌာနချုပ်မှ ပျံတက်၍ လေ့ကျင့်ပျံသန်းမှု ဆောင်ရွက်နေသော အဆိုပါ အက်ဖ် – ၇ လေယာဉ်သည် ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ကွင်း၏ အနောက်ဘက် ၃ မိုင်ခန့် အကွာ အမြင့်မီတာ ၅၀၀ ခန့်အရောက်၌ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.