Connect with us

Videos

နိုင်ငံတော ်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၏ တရုတ်ပြည် ခရီးစဉ်ပုံရိပ်များ

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် သြဂုတ်လ ၁၇ ရက်နေ့မှ သြဂုတ်လ ၂၁ ရက်နေ့အထိ ၅ ရက်တာ သွားရောက်ခဲ့သည်။
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန် နှင့် တွေ့ဆုံခဲ့ပါသည်။ ထို့ပြင် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန် နှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တရုတ်အမျိုးသားပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ မစ္စတာကျန်းတယ်ကျန်းနှင့်လည်း တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှီအန်းမြို့သို့ သြဂုတ်လ ၂ဝ ရက်နေ့တွင်သွားရောက်ခဲ့ပြီး ချင်ရှိယွမ်း ရှင်ဘုရင်၏ စစ်သည်တော်များနှင့် မြင်းရုပ်တုများပြတိုက် (Qin Terra Cotta Warriors and Horses) နှင့် စိုက်ပျိုးရေးလုပ်ငန်းတို့သို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.