Videos
နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲ မတ် ၂၈ ရက်တွင် ကျင်းပမည်
နေပြည်တော် ၊ မတ် ၂၆ ရက်(ဆင်ဟွာ)
နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲအား မတ် ၂၈ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။
ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့က ဒုတိယ သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခဲ့ သော တာမွေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်သည် နိုင်ငံတော် သမ္မတ အတွက် သတ်မှတ် ထားသည့် အရည်အချင်း နှင့် ပြည့်စုံခြင်း ရှိ ၊ မရှိ စိစစ်ရေး အဖွဲ့၏ စိစစ် တွေ့ရှိချက် အရ နိုင်ငံတော် သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှု ရှိကြောင်း အတည်ပြု ကြေညာခဲ့ခြင်းကြောင်းသိရသည်။(Xinhua)