Connect with us

Videos

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ် အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေလ ၉ ရက်( ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ကျောက်ခဲ့ကျစ်အား မေလ ၉ ရက်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး ကျောက်ခဲ့ကျစ် က တရုတ်နိုင်ငံသည် တရုတ်-မြန်မာဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရန် အထူးအလေးထားကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏အရေးကြီးသည့်သဘောတူလမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်-မြန်မာစီးပွားရေးစြင်္ကန်တည်ဆောက်မှုကို အတူတွန်းအားပေးဆောင်ရွက်သွားကာ အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍအသီးသီး၏ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်သွားပြီး တရုတ်-မြန်မာဘက်ပေါင်းစုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးကို အဆက်မပြတ်တိုးတက်အောင် ဆောင်ရွက်လိုကြောင်းပြောကြားခဲ့သည်။

ထို့အပြင် တရုတ်-မြန်မာ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံဆက်ဆံရေး၏ အဓိကကျသည့် အခန်းကဏ္ဍဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်ရေးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို တစ်ဆင့်တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်း၊ မူးယစ်ဆေးတားမြစ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ဆက်သွယ်ရေးနည်းပညာဖြင့်လိမ်လည်မှုများအားတိုက်ဖျက်ရေးစသည့်ကဏ္ဍများတွင် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားပြီး နှစ်နိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်နိုင်ငံတည်ငြိမ်လုံခြုံရေးကို အတူဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဦးဝင်းမြင့်ကလည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ကူညီထောက်ခံအားပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်-မြန်မာချစ်ကြည်ရေးမှာ ခိုင်မာနက်ရှိုင်းကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှုဆိုင်ရာစီမံကိန်းဖြစ်သည့် တရုတ်-မြန်မာစီးပွားရေးစြင်္ကန်တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားလိုကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍများတွင် အပြုသဘောဆောင်သည့် အောင်မြင်မှုများရရှိကာ နှစ်နိုင်ငံပြည်သူအတွက် အကျိုးပိုမိုဖြစ်ထွန်းလာစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လီဝေ၊ ယူနန်ပြည်နယ် ဒုတိယပြည်နယ်မှူး၊ပြည်သူ့လုံခြုံရေးဌာန ဌာနမှူး ရန်ကျွင့်ဟောက် တို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.