Connect with us

Videos

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော်များ ဗုဒ္ဓဘာသာယဉ်ကျေးမှုဖလှယ်ရေးတရုတ်နိုင်ငံသို့ကြွချီတော်မူ

ရန်ကုန် ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ)
တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဗုဒ္ဓ အသင်း ပေကျင်းမြို့ လင်ကွမ်း ကျောင်းတိုက် ဆရာတော်၏ ဖိတ်ကြားချက် အရ တရုတ်နိုင်ငံသို့ သြဂုတ် ၂၄ ရက်မှ ၂၉ ရက်ထိ ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော် ဘဒ္ဒ န္တ စန္ဒိမာ ဘိဝံသ အပါအဝင် အဖွဲ့ဝင် ၁ဝ ဦး လိုက်ပါသော နိုင်ငံတော် သံဃမဟာနာယက ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည်သြဂုတ်လ ၂၄ ရက်ည က တရုတ်နိုင်ငံ သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှလေကြောင်းခရီးဖြင့်ကြွချီသွားခဲ့သည်။
ထိုခရီးစဉ်သည် တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရန် ထိရောက်သော တွန်းအားပေး ဆောင်ရွက်မှု ဖြစ်သည့် အပြင် ခရီးစဉ်မှ တဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ဆိုင်ရာ နားလည်မှု တိုးပွားရေး နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို နက်ရှိုင်းစေရန် အထောက်အကူ ပြုမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် သံဃမဟာနာယက ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် တရုတ်နိုင်ငံ သံဃဂိုဏ်းပေါင်းစုံနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး တရုတ်နိုင်ငံ ဗုဒ္ဓအသင်း ၊ဒေသဆိုင်ရာ ဗုဒ္ဓအသင်း ၊ ဒေသ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ရှိကြောင်း သိရသည်။
ယခုခရီးစဉ်အား သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် နိုင်ငံတော် သံဃာ့မဟာ နာယကမှ ဦးစီး၍ Exploring Myanmar ကုမ္ပဏီမှ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ယခု သြဂုတ်လ အတွင်း တွေ့ဆုံခဲ့စဉ် ဗုဒ္ဓဘာသာ ပိုင်းဆိုင်ရာ ဖလှယ်မှု များတိုးချဲ့ဆောင်ရွက်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု ချစ်ကြည်ဆက်ဆံရေး အခြေခံကို လက်တွေ့အကောင်အထည် ဖော်လိုကြောင်း သမ္မတရှီကျင့်ဖိန်က ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.