Videos
နှစ်ပေါင်း ၂၄ နှစ်ကြာ အေးခဲထားသော သန္ဓေသားလောင်းအား အောင်မြင်စွာမွေးဖွား
တန်နက်ဆီ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) ပြီးခဲ့သည့်လက အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ်တွင် နှစ်ပေါင်း ၂၄ နှစ်ကြာအေးခဲထားသော သန္ဓေသားလောင်းအား အောင်မြင်စွာမွေးဖွားခဲ့ကြောင်းသိရသည်။ အမ်မာဝမ်ဂစ်ဘ်ဆင် Emma Wren Gibson ဆိုသည့်အမျိုးသမီးမှ အဆိုပါသန္ဓေသားလောင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့ တွင် မွေးဖွားခဲ့သည်။ သန္ဓေသားလောင်းမှာ ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က တည်းက အေးခဲထားခြင်းဖြစ်သည်။ သန္ဓေသားလောင်းမှာ မိန်းကလေးဖြစ်ပြီး မွေးစကိုယ်အလေးချိန်မှာ ၆ပေါင် ၈အောင်စ ရှိကာ ကျန်းမာသည့်ကလေးတစ်ဦးဖြစ်သည်။ အေးခဲသန္ဓေသားလောင်းများအားမွေးဖွားရာတွင်အောင်မြင်သည့်နှုန်းမှာ ၁၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းသာရှိသော်လည်း ယခုအဖြစ်အပျက်မှာ နှစ်ပေါင်း ၂၄ နှစ်ကြာအေးခဲသန္ဓေသားအားအောင်မြင်စွာမွေးဖွားနိုင်ခြင်းဖြစ်သောကြောင့် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သည့်အပြင် မိခင်ထက် ၁ နှစ်သာ အသက်ငယ်သည့် သမီးမိန်းကလေးအဖြစ် လည်း စံချိန်ချိုးသွားခဲ့ကြောင်းသိရသည်။(Xinhua)