Connect with us

Videos

၂ဝ၁၇ နှစ်လယ် ကျောက်မျက်ပွဲ ၂၀၁၆ ထက် ယူရို သန်း ၁၁၀ ကျော်ဖိုး ပိုရောင်းရ

နေပြည်တော်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဒီဇင်ဘာ ၁၂ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့သည့်၂၀၁၇ ခုနှစ် နှစ်လယ် ကျောက်မျက်ရတနာ ပြပွဲ၏ ရောင်းအားသည် ၂၀၁၆ နှစ်လယ်ပွဲထက် ယူရိုသန်း ၁၁၀ ကျော် ပိုခဲ့ကြောင်း ကျောက်မျက်ပြပွဲ ဌာန၊ စီမံရေးရာ လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယ အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦးက သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ၁၀ ရက်ကြာ ပြုလုပ်ခဲ့သည့် ယခုပွဲသို့ ပြည်တွင်း ကျောက်မျက် ကုမ္ပဏီ ၆၈၇ ခုတို့မှ ရတနာ ကုန်သည် ၁၅၈၀ ဦး၊ ပြည်ပ ကုမ္ပဏီ ၉၁၃ ခုမှ ရတနာကုန်သည် ၂၈၅၂ ဦး စုစုပေါင်း ကုမ္ပဏီ ၁၆၀၀ တို့မှ ရတနာကုန်သည် ၄၄၃၂ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း၊ တက်ရောက်သည့် ရတနာ ကုန်သည်များ အနက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အများဆုံး ဖြစ်ရာ ကျောက်မျက် ကုမ္ပဏီ ၈၈၈ ခုမှ ရတနာ ကုန်သည် ၂၈၂၇ ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.