Videos
ပထမ အကြိမ် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်
နေပြည်တော် ၊ မတ် ၂ ရက် (ဆင်ဟွာ)
ပထမ အကြိမ် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကို မတ်လ ၁ ရက်နေ့က နေပြည်တော် ရှိ MICC-2 ခန်းမ တွင် ကျင်းပ ပြုလုပ်ခဲ့ရာ တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ ဌာန မှ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပညာရှင် များမှ တက်ရောက် ပါဝင်ဆွေးနွေး ခဲ့ကြပြီးနောက်
ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ မူဝါဒ လမ်းစဉ် ကို ချမှတ် နိုင်ခဲ့ကြောင်း သိရှိရသည်။
ယခု ကျင်းပ ခဲ့သည့် ပထမ အကြိမ် တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် တွင် နှစ်နိုင်ငံ မှ အထူးဧည့်သည်တော် များလည်း တက်ရောက်ခဲ့ကြပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ရေး ၊ အတူတကွ အကျိုးဖြစ်ထွန်းစေရေး နှင့် ဖွံဖြိုးတိုးတက်ရေး ဟူသည့် အခြေခံ မူဝါဒ တို့ဖြင့် ဆွေးနွေးမှု များပြုလုပ်ပြီး နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု နှင့် အနာဂတ် အစီအစဉ် များနှင့် ပတ်သက်၍ သဘောတူညီမှု များကိုလည်း ရရှိခဲ့သည်။
တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် သည် နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှု သမိုင်းတွင် ပထမ ဆုံးအကြိမ် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည့် အခမ်းအနားကြီး ဖြစ်ပြီး ယခု ကျင်းပ ခဲ့သည့် ဖိုရမ် မှ ရရှိခဲ့သည့် အောင်မြင်မှုများသည် နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရန် အတွက် များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။ (Xinhua)