Connect with us

Videos

တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆာင်ရွက်ရေး ဖိုရမ် ကျင်းပ

နေပြည်တော် ၊ မတ် ၂ ရက် (ဆင်ဟွာ)

ပထမဆုံး အကြိမ်အဖြစ်ကျင်းပသည့် တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို “ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်း – တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဆွေပူးပေါင်းဆက်ဆံရေး၏ တွန်းအားသစ် ” ဟူသည့် ခေါင်းစဉ်ဖြင့် မတ်လ ၁ ရက်နေ့ က နေပြည်တော် ရှိ MICC-2 ခန်းမ တွင်ကျင်းပပြုလုပ် ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က တရုတ်-မြန်မာ နှစ်နိုင်ငံကြား ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းအားဖြင့် မဟာဗျူဟာမြောက် လက်တွေ့အကောင်အထည် ဖော်ဆောင်နိုင်မည့် အစီအစဉ်များ ယူဆောင်လာမည် ကိုယုံကြည်ကြောင်း စသဖြင့် အမှာစကားထဲတွင်ထည့်သွင်းပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ခရီးသွားလာရေး ဌာန ဒုတိယ ဝန်ကြီး သုကျန်း က ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ရန် အတွက် အရည်အသွေး မြင့်မားသည့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ၊ ကဏ္ဍအသီးသီး မှ လက်တွေ့ကျသည့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း နှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီများ မှ အရေးကြီးသည့် စီမံကိန်း များ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် က ယခု ကျင်းပ ပြုလုပ်သည့် ဆွေးနွေးပွဲ မှ တစ်ဆင့် နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အတွက် များစွာ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ပထမ အကြိမ် တရုတ်-မြန်မာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကို တရုတ် နိုင်ငံ ခရီးသွားလာရေး ဌာန ၊ မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် တရုတ် နိုင်ငံ ယူနန်ပြည်နယ် အစိုးရ တို့မှ ပူးပေါင်း စီစဉ်ဆောင်ရွက် ခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.