Videos
ပီရူး ရိုးရာ ဝတ်တီတီ အက အား ကုလသမဂ္ဂမှ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသတ်မှတ်
ပီရူး၊ ဒီဇင်ဘာ(၃)ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) မှ ဒီဇင်ဘာလ(၂)ရက်နေ့တွင် ပီရူးရိုးရာ ဝတ်တီတီ အက အား ရှေးဟောင်းရိုရာအနုပညာ အဖြစ် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း သတ်မှတ် ပေးခဲ့သည်။
ဝတ်တီတီအကအားများသောအားဖြင့် ပီရူးနိုင်ငံ၏ မိုးရာသီကာလဖြစ်သော ဒီဇင်ဘာလနှင့် မတ်လကြား တွင် ကျင်းပ သည့် ဘာသာရေးအခမ်းအနားများနှင့် ကောက်ပဲသီးနှံ ပွဲတော်များတွင် လူငယ်များမှ ကပြဖျော်ဖြေသောအကအဖြစ်လူသိများသည်။
မြူးကြွသောကကွက်များ ဖြင့် ကရသည့် ဝတ်တီတီအက အား ယနေ့ခေတ်တွင် ဘာသာရေးနှင့် စိုက်ပျိုးရေးကိစ္စရပ်များတွင်သာမဟုတ်တော့ဘဲ က၎င်းတို့စိတ်ဝင်စားသော မိန်းကလေးများအား ပိုးပန်း လိုသည့်အချိန်တွင်လည်းကပြကြကြောင်းသိရသည်။ (Xinhua)