Connect with us

Videos

ပေါ့ဂီတ ကြယ်ပွင့် မက်ဒေါနား ကင်ညာနိုင်ငံရှိ အမျိုးသမီးများနှင့်ကလေးငယ်များအားကူညီ

နိုင်ရိုဘီ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
အမေရိကန်ပေါ့ဂီတကြယ်ပွင့် နှင့် ကမ္ဘာလှည့်ပရဟိတသမား မက်ဒေါနားသည် ကင်ညာနိုင်ငံ သမ္မတကတော် နှင့် တွေ့ဆုံကာ နိုင်ငံအတွင်းရှိ မိခင်နှင့်ကလေးများ၏ ကျန်းမာရေးဆိုင်ရာ ကူညီထောက်ပံ့ပေးမည့်အစီအစဉ်များ နှင့် လိင်အကြမ်းဖက်မှုမှ ကာကွယ်နိုင်မည့်အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်းသိရသည်။
နိုင်ရိုဘီရှိ ကင်ညာသမ္မတအိမ်တော်တွင် မက်ဒေါနားနှင့်အဖွဲ့သည် သမ္မတကတော် နှင့် တွေ့ဆုံစဉ် တွင် အမျိုးသမီးများနှင့် ကလေးငယ်များအားကာကွယ်မည့် အစီအစဉ်များကို အပြန်အလှန်
ဆွေးနွေးခဲ့ကြပြီး ထိရောက်သည့်ကူညီထောက်ပံ့မှုများကိုဆောင်ရွက်သွားမည် ဟုသိရသည်။
မက်ဒေါနားသည် ကမ္ဘာအနှံ့တွင် ပရဟိတအဖွဲ့အစည်းများစွာကို တည်ထောင်ထားပြီးအလှူအတန်းများစွာပြုလုပ်နေသူတစ်ဦးဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.