Connect with us

Videos

ပြည်သူများနှင့် အတူ အပြောင်းအလဲကို ကြိုးပမ်းဆောင်ရွက်မည်ဟု သမ္မတ ဦးဝင်းမြင့် ကတိပြုပြောကြား

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

ပြည်ထောင်စုလွှတ်တော်၌ ယနေ့ နိုင်ငံတော် သမ္မတအဖြစ် ကတိသစ္စာပြုခဲ့သော သမ္မတသစ် ဦးဝင်းမြင့်က ပြည်သူများနှင့် အတူ အပြောင်းအလဲကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

နိုင်ငံတော်နှင့် ပြည်သူများ ခံစားနေရသော စိန်ခေါ်မှုများ၊ အခက်အခဲများကလည်း မနည်းလှကြောင်း၊ အရာရာတိုင်းကို လွယ်လင့်တကူဖြေရှင်းနိုင်မည် မဟုတ်သော်လည်း အစွမ်းကုန် ကြိုးစားအားထုတ်ပြီး ဦးစားပေး ကဏ္ဍအလိုက်ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းအတွင်း ပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်များဖြစ်သော (၁)တရားဥပဒေစိုးမိုးရေး၊ ပြည်သူများဘ၀ လူမှုစီးပွားရေးဘ၀ တိုးတက်မြင့်မားရေး (၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး (၃) ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

သမ္မတ ဦးဝင်းမြင့်နှင့် ဒုတိယ သမ္မတများ ကတိသစ္စာပြုပွဲ အခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ဒုတိယ သမ္မတ ဦးမြင့်ဆွေ ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အပြင် ပြည်ထောင်စုဝန်ကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကကြီး သူရဦးတင်ဦး နှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.