Videos
ဘိုးအောက်ဖိုရမ်က အဆိုပြုလွှာများနှင့်စပ်လျဉ်း၍သမ္မတရှီရှင်းလင်း
ဟိုင်နန်၊ ဧပြီ ၁ဝ ရက်(ဆင်ဟွာ)
အာရှတိုက်တွင်ကျင်းပလျက်ရှိသည့် ဘိုးအောက်ဖိုရမ်စတင်ကျင်းပသည့်အချိန်ကတည်းက အာရှတိုက်နှင့် တစ်ကမ္ဘာလုံးအကျိုးစီးပွားဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများနှင့် အခြားအဖိုးတန်သည့် ဘိုးအောက် အဆိုပြုလွှာများစွာကို တင်သွင်းခဲ့ကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ဘိုးအောက်ဖိုရမ်က အဆိုပြုလွှာများတွင် အာရှတိုက်နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကဏ္ဍမြှင့်တင်မှုနှင့် အကျိုးစီးပွားများကို မျှဝေခံစားနိုင်မည့် အဆင့်မြင့် အသိုက်အဝန်းတစ်ခု တည်ဆောက်နိုင်ရန်တို့ပါဝင်ကြောင်း သမ္မတရှီကဆိုသည်။(Xinhua)