Connect with us

Videos

မလေးရှားနိုင်ငံ၌ ဧရာမရထားလမ်းပိုင်းစီမံကိန်းကို တရုတ်နိုင်ငံက စတင်ဖောက်လုပ်

ကွန်တန် ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှု တွန်းအားပေးမှုတစ်ခုအဖြစ် တရုတ်-မလေးရှား နှစ်နိုင်ငံ ဆက်ဆံရေး အတွက် သမိုင်းဝင် လုပ်ငန်းတစ်ခုဖြစ်သော ဧရာမရထားလမ်းပိုင်း တည်ဆောက်မှုစီမံကိန်းကို (မလေးရှားနိုင်ငံ ကွန်တန်မြို့(Kuantan)၌) သြဂုတ်လ ၉ ရက်တွင် တရားဝင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းရထားလမ်းပိုင်းကို တရုတ်နိုင်ငံ ဆက်သွယ်ရေး တည်ဆောက်မှုကုမ္ပဏီ (China Communications Construction Company Ltd ) က တာဝန်ယူတည်ဆောက် သွားမည်ဖြစ်ကြောင်း နှင့် ၎င်းကုမ္ပဏီသည် မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း ပီနန်မြို့၏ အထင်ကရ အမှတ်အသားဖြစ်သော ပီနန်တံတားကြီးကို တည်ဆောက်ပေးခဲ့သည့် ကုမ္ပဏီအုပ်စုဝင်ဖြစ်ကြောင်း သိရသည်။အဆိုပါ ရထားလမ်းပိုင်း အုတ်မြစ်ချ အခမ်းအနားသို့တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင် နှင့် ဒုတိယဝန်ကြီးချုပ် ဝမ့်ယန်(Wang Yong) လည်းတက်ရောက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.