Connect with us

Videos

မိုးပြဲဒယ်အတွင်းကျောက်ပုဇွန်ဟင်းကိုလက်ဖြင့်မွှေနှောက်ချက်ပြုတ်သူ

ဟူနန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ် ချိကုန်းသိုင်းပညာရှင် တစ်ဦးဟာ ကျောက်ပုဇွန်များကို မိုးပြဲဒယ်အတွင်း ချက်ပြုတ်ခဲ့ပါသည်။ ထိုသို့ ချက်ပြုတ်ရာတွင် သမားရိုးကျ ချက်ပြုတ်ခြင်းမျိုးမဟုတ်ဘဲ မိုးပြဲဒယ်အတွင်း ဇွန်းကြီးအစား လက်ကို အသုံးပြုပြီး ၁ဝ မိနစ်ခန့်ချက်ပြုတ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် ကျန်ကျားကျဲမြို့တော် တွင် အစားအသောက်ပွဲတော် မေလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည်။ အကူလုပ်သားများက ဆီ ၊ ငရုတ်သီးနှင့် ဟင်းခတ်အမှုန့်များကို အချင်းဝက် ၂ မီတာခန့်ရှိ မိုးပြဲဒယ်ကြီးထဲတွင် ထည့်သွင်းပေးခဲ့ပြီး ကျောက်ပုဇွန်များကိုလောင်းထည့်ခဲ့သည်။

ချိကုန်း သိုင်းဆရာ ထျန်းချန်ကုန်း သည် မည်သည့်အကူအညီမျှမသုံးဘဲ လက်အိပ်ကိုပင်အသုံးမပြုဘဲ မိုးပြဲဒယ် အတွင်းရှိ ကျောက်ပုဇွန်များကို လက်ဗလာဖြင့် မွှေနှောက်ချက်ပြုတ်ခဲ့သည်။ သူသည် အပူချိန် ၁၁ဝ ဒီဂရီရှိ အိုးကြီးကို မွှေနှောက်ချက်ပြုတ်သော်လည်း ပူသည့်အရိပ်အယောင်လုံးဝ မပြခဲ့ပေ။ ထိုသို့ပြုလုပ်နိုင်ခြင်းမှာ ၎င်းသည် ချိကုန်းသိုင်းပညာကို တဖက်ကမ်းခတ်ကျွမ်းကျင်သည့်သိုင်းဆရာတစ်ဦး ဖြစ်ပြီး ထျူကျားလူမျိုးစုများ လေ့ကျင့်သည့် ပြင်းထန်သည့် လေ့ကျင့်နည်းများဖြင့် အသားကျနေသောကြောင့် ဖြစ်သည်။

ချိကုန်းသိုင်းပညာ အပြင်းအထန်လေ့ကျင့်ပါက အထူးလှုပ်ရှားမှုများ၊ အသက်ရှုလေ့ကျင့်ခန်းများအသုံးပြုကာ ကြွက်သား အရေပြားများ နှင့် အရိုးများကိုထိန်းညှိပြီး ခန္ဓာကိုယ်အတွင်းပိုင်းနှင့် အပြင်ပိုင်းတို့ကို ပိုမိုသန်စွမ်းအောင် ဆောင်ရွက်ရခြင်းဖြစ်သည်။ ၁ဝမိနစ်ခန့်ချက်ပြုတ်ပြီးနောက် ကျောက်ပုဇွန်ဟင်း ကို လာရောက်ကြည့်ရှု ကြသူများကို ဧည့်ခံခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.