Videos
မီးခိုးမြူ ထူထပ်မှု အတွက် အလျင်အမြန် တုံ့ပြန် လုပ်ဆောင်ကြရန် တရုတ် အားပေး
ပေကျင်း၊ ဒီဇင်ဘာ ၁ဝ ရက် (ဆင်ဟွာ)
မြို့တော်အတွင်း မီးခိုးမြူ ထူထပ်မှုအတွက် တုံ့ပြန် လုပ်ဆောင်မှုများအား အလျင်အမြန် လုပ်ဆောင်ကြရန် တရုတ်နိုင်ငံ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး ဝန်ကြီးဋ္ဌာနက ကြေညာ လိုက်ပါသည်။
အဆိုပါ ဝန်ကြီးဋ္ဌာန မှ တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန် ဒေသသို့ ဆိုးဝါးသော လေထု ညစ်ညမ်းမှုအား စုံစမ်း စစ်ဆေး တိုင်းတာရန် အဖွဲ့နှစ်ဖွဲ့ကို ဒီဇင်ဘာလ ၈ ရက်နေ့က စေလွှတ်ထားကြောင်း သိရသည်။ ယင်းအဖွဲ့များသည် ကျောက်မီးသွေး လောင်ကျွမ်းခြင်းနှင့် ယာဉ်များ၏ မြင့်မားသော ကာဘွန် စွန့်ထုတ်မှုများ ကဲ့သို့ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်း စေမှုများကို စောင့်ကြည့် မှတ်သားထားသည်။
ပေကျင်းတွင် ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်း မှစ၍ ဒီဇင်ဘာလ ၁၀ ရက် နေ့လည် အထိ လေထု ညစ်ညမ်းမှု အမြင့်ဆုံး အဆင့်ဖြစ်သည့် အနီရောင် အဆင့် သတ်မှတ်ထားပါသည်။ ယင်း သတိပေး သတ်မှတ်ချက် အရ စာသင်ခန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ ဆိုင်းငံ့ထားခြင်းနှင့် ကားအသုံးပြုမှုများအား ကန့်သတ်ထား ခြင်းများ ပါဝင်သည်။
သတိပေး အဆင့်ကို လေထု ညစ်ညမ်းမှု၏ အခြေအနေမှန်အရ ချိန်ညှိပြီး ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း ချန်က ပြောသည်။ ဒေသဆိုင်ရာ အခြေအနေ နောက်ဆုံး သတင်း အချက်အလက်များအား ပွင့်လင်း မြင်သာမှု ရှိစွာ ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။ (Xinhua)