Videos
မြစ်ကမ်းပါးကျိုးကျပျက်စီးခြင်းကို ကာကွယ်ရန် မိနစ် ၅ဝ တွင် တစ်ကြိမ် စောင့်ကြည့် တိုင်းတာ
ရှန်းကျန့်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ရှန်းကျန့် တွင် လွန်ခဲ့သည့် ရက်များအတွင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြစ်ရေစံချိန်တင် မြင့်တက် ခဲ့သောကြောင့် မြို့တော်အတွင်း အရေးပေါ်သတိပေးချက်ထားရှိကာ မြစ်ကမ်းပါး ပြိုကျမည်ကို အထူးသတိထားစောင့်ကြည့်လျက်ရှိကြောင်းသိရသည်။ ရေမျက်နှာပြင်မြင့်တက်လာမှုမှာ ၃၉.၅၁ မီတာအထိရှိခဲ့ပြီး ၁၉၉၈ ခုနှစ်က ၃၉.၁၈ မီတာမြင့်တက်ခဲ့သည့် စံချိန် ထက် ပိုမို ခဲ့သည်။ ရေမျက်နှာပြင်မှာ မိုးသည်းထန်စွာရွာသွန်းပါက ဆက်လက်မြင့်တက်ရန်ရှိသည်ဟု ခန့်မှန်းထားချက်များအရ ချန်းရှတွင် အထူးသတိပေးချက်ထုတ်ပြန်ထားပြီး မြစ်ကမ်းပါးကျိုးကျပျက်စီးခြင်းကို ကာကွယ်ရန် တာဝန်ရှိသူများက မိနစ် ၅ဝ တွင် တစ်ကြိမ် ရေကြောင်း မြင့်တက်မှုနှုန်းကို စောင့်ကြည့်တိုင်းတာလျက်ရှိသည်။ ထို့အပြင် တာဝန်ရှိသူများသာမက ဒေသခံပြည်သူ ရာပေါင်းများစွာကလည်း ညအချိန်များအထိ မြစ်ရေလျှံတက်မှုကို ကာကွယ်ရန် သဲအိတ်ဖို့ခြင်းကဲ့သို့ လုပ်အားပေးများကူညီဆောင်ရွက်လျက်ရှိ ကာ သဲအိတ်ပေါင်း ၆၅ဝဝဝ အိတ်ကို မြို့ရိုးတွင် ဖို့ထားပြီးဖြစ်ကြောင်းသိရသည်။ (Xinhua)