Connect with us

Videos

ကမ္ဘာ့အကြီးဆုံးခြင်မွေးမြူရေးစခန်း

ကွမ်ကျိုး၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ကမ္ဘာပေါ်တွင်ခြင်မှတစ်ဆင့်ပေါက်ပွားသော ဘက်တီးရီးယား ရောဂါပိုးများကို စမ်းသပ်လေ့လာရန်အတွက် ကမ္ဘာ့အကြီးဆုံးခြင်မွေးမြူရေးစခန်းကို တရုတ်နိုင်ငံ တောင်ပိုင်းကွမ်ကျိုးတွင် တည်ဆောက်ထားကြောင်း သိရသည်။ ထို စခန်းတွင် ဘက်တီးရီးယား ရောဂါပိုး ကူးစက်နိုင်သည့် ခြင်အထီးပေါင်း ၅ သန်း ကို အပတ်စဉ်တိုင်း မွေးမြူထားသည်။ ဘက်တီးရီးယားပိုး ကူးစက်နိုင်သော ခြင်အထီးများကို တရုတ်နိုင်ငံ၌ ၂ဝ၁၁ ခုနှစ်တွင် စတင်မွေးမြူခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် စမ်းသပ်မှု များကို ပြုလုပ်ခဲ့သည်။ ကွေ့ကျိုးဒေသအနီးတွင် ခြင်ပေါက်ဖွားမှုမှာ ၈ လအတွင်း ၉ဝ ရာခိုင်နှုန်းအထိ တိုးတက်များပြားခဲ့သည်။ ခြင်မှတစ်ဆင့်ပေါက်ဖွားသော ရောဂါများကို အဆိုပါ ခြင်များမှ တစ်ဆင့်စမ်းသပ်လေ့လာသည့် နည်းပညာကို စင်ကာပူ၊ မက္ကဆီကို ၊ ဘရာဇီး အပါအဝင် နိုင်ငံပေါင်းများစွာတို့တွင် စတင်လျက်ရှိပြီဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.