Connect with us

Videos

မြန်မာ-တရုတ် ချစ်ကြည်ရေး ပုံရိပ်များ ပန်းချီပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် (Kit Box)လှူဒါန်းပွဲ

ရန်ကုန် ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီး အောင်မြင်ဖို့ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်အချင်းချင်း လက်တွဲ ချစ်ကြည် ချီတက်စို့ ဟူသည့် ဆောင်ပုဒ် ဖြင့် ကျင်းပ ပြုလုပ်ခဲ့သည့် “မြန်မာ-တရုတ် ချစ်ကြည်ရေး ပုံရိပ်များ” ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ နှင့် ကျောင်းသုံး ပစ္စည်းများ ပါဝင်သော (Kit Box) ပေးအပ်လှူဒါန်းပွဲ အခမ်အနား ကို ဇွန်လ ၂၂ ရက် က ရန်ကုန် မြို့ရှိ အလုံ အ.ထ.က(၄) သီရိရတနာ ခန်းမ တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်အနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း က အဖွင့်အမှာစကား ပြောကြားရာ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း သည် အလွန်အရေးကြီးသည့် စီမံကိန်း တစ်ခု ဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေး နှင့် လူမှုရေးတွင် ချစ်ကြည်ရေး ပေါင်းစည်းမှု တစ်ခု ဖြစ်ကြောင်း ၊ ယခု ပန်းချီ ပြိုင်ပွဲ ဆုရ ကျောင်းသား/သူ များကိုလည်း တရုတ် နိုင်ငံ သို့သွားရောက်ကာ ဆက်လက် ယှဉ်ပြိုင်နိုင်ရန် စီစဉ် ထားကြောင်း၊ ဆင်းရဲနွမ်းပါးသည့် ကလေးငယ် ၅၀၀ ဦးကို မြန်မာမင်္ဂလာ မီဒီယာ နှင့် အနုပညာအဖွဲ့တို့မှ ကျောင်းသုံးပစ္စည်းများ ပါဝင်သော (Kit Box) များကိုလည်း ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်းပြောကြားသည်။

မစ္စတာရွှီရိရွှမ်း က အမှာစကား ပြောကြားရာတွင် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၏ လမ်းကြောင်း တစ်လျှောက် နိုင်ငံများ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး ကို အကောင်အထည် ဖော်ရန် အတွက် ရန်ကုန်မြို့တွင် ပန်းချီပြိုင်ပွဲ ကျင်းပခဲ့ရခြင်း ဖြစ်ကြောင်း ၊ ယခု ပန်းချီပြိုင်ပွဲ မှ တစ်ဆင့် နှစ်နိုင်ငံ ကျောင်းသား/သူ များအကြား ရင်းနှီးချစ်ကြည်မှု တိုးမြှင့်ပေး နိုင်မည် ဖြစ်ကာ နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရေး ကို ဆက်လက်တိုးပွား နိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ဆုရ ကျောင်းသား/သူ များကို ဆုများ အသီးသီး ပေးအပ် ခဲ့ပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ကြကာ ကျောင်းသား/သူ ၅၀၀ ဦးအား ကျောင်းသုံး ပစ္စည်းများ ပါဝင်သော (Kit Box) ပေးအပ်ခဲ့သည်။ ယခု ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ-တရုတ် ချစ်ကြည်ရေး ပုံရိပ်များ” ပန်းချီပြိုင်ပွဲ ကို မြန်မာ နိုင်ငံ ပညာရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.