Videos
မြန်မာကျပ်ငွေဖြင့် ကျောက်မျက်ရိုင်းနှင့် ကျောက်စိမ်း ရောင်းချပွဲ ကျင်းပ
နေပြည်တော်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များ ရောင်း ချပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ(ကျောက်မျက်ပြပွဲခန်းမ)တွင် နိုဝင်ဘာလ ၁၂ ရက်နေ့ က စတင် ကျင်းပခဲ့သည်။
အဆိုပါ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲမှာ နေပြည်တော်အတွက် (၇)ကြိမ်မြောက် ပွဲဖြစ် ကြောင်း၊ ယခု ပွဲတွင် အသားကျောက် အတွဲပေါင်း ၃,၃၃၉ တွဲနှင့် ကျောက်မျက် ၉၆ တွဲ တင်ပြထားကြောင်း၊ အသားကျောက် အတွဲများ၌ အခြေခံဈေး ကျပ် ၁၀ သိန်းမှ အမြင့်ဆုံးဈေး သိန်းတစ်ထောင်အထိ ပါဝင်ကြောင်း၊ ကျောက်မျက်အတွဲများတွင် သိန်း ၂၅၀၀ တန် ပတ္တမြား အရိုင်းတစ်ပွင့် ပါဝင်ကြောင်းသိရသည်။
ယခုပွဲ၌ ကျောက်မျက်အတွဲများ ရောင်းချခြင်းကို နိုဝင်ဘာ ၁၂ ရက် ၁၃ ရက်တို့တွင် နံနက် ၈ း ၀၀ နာရီမှ ညနေ ၅ း ၀၀ နရီအထိ ကျောက်မျက် အတွဲများ ကြည့်ရှု စစ်ဆေးခြင်း၊ ဈေးနှုန်း တင်သွင်းလွှာ များ တင်သွင်းခြင်းတို့ ဆောင်ရွက်ပြီး နိုဝင်ဘာ ၁၄ ရက်နေ့တွင် နံနက် ၉ း ၀၀ နာရီမှ ညနေ ၅ း ၀၀ နာရီအတွင်း အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကျောက်စိမ်း အတွဲများကိုမူ နိုဝင် ဘာ ၁၂ ရက်မှ ၁၄ ရက် အထိ ကျောက်စိမ်းအတွဲများ ကြည့်ရှု စစ်ဆေးခြင်း၊ ဈေးနှုန်း တင်သွင်းလွှာ များ လက်ခံခြင်း၊ နိုဝင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ အိတ်ဖွင့် တင်ဒါ စနစ်ဖြင့် ရောင်းချခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)