Connect with us

Videos

ရခိုင်ပြည်နယ်တွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရမှုအပေါ်မစ္စရန်ဟီလီကပြင်းထန်စွာ ရှုတ်ချ

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းက တိုက်ခိုက်ခံရသော လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအတွက် ဝမ်းနည်းစာနာကြောင်း၊ ဒေသခံများ ခေါင်းဖြတ်သတ်ခံရမှုများနှင့်ပတ်သတ်ပြီး ဝမ်းနည်းတုန်လှုပ်ခဲ့ရကြောင်း နှင့် အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီက ပြောကြားသည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ ထွက်ပေါ်နေသည့် စွပ်စွဲပြောဆိုချက်များနှင့် ပတ်သက်၍လည်းကောင်း၊ လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးနိုင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြောင်းလည်းသိရသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီသည် ရခိုင်ပြည်နယ်အတွင်း ဘာသာရေးခွဲခြားမှုနှင့် အသားရောင်ခွဲခြားမှုကို မလိုလားကြောင်း ကိုလည်း ၎င်း၏ခရီးစဉ်အဆုံး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ အဆိုပါ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီလီ၏ ၁၂ရက်ကြာ ခရီးစဉ်အတွင်း နိုင်ငံတော် အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ၂၁-ရာစ ုပင်လုံညီလာခံ အောင်မြင်စွာကျင်းပနိုင်မှု အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ အခန်းကဏ္ဍ မြှင့်တင်ရေးကိစ္စများ၊ လူ့အခွင့်အရေးကာကွယ် မြှင့်တင်ရေး ကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကိစ္စများ၊ တည်ဆဲဥပဒေများကို နိုင်ငံတကာစံနှုန်းနှင့်အညီ ပြန်လည်သုံးသပ်မှုများပြုလုပ်သည့်ကိစ္စနှင့် ဥပဒေကြမ်းရေးဆွဲမှု လုပ်ငန်းစဉ်များအားလည်းကောင်း ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ အခြေအနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများ တိုးမြှင့်ဆောင်ရွက်သွားရေး ကိစ္စများကို လည်းအသီးသီး ဆွေးနွေးခဲ့သည်။ မြန်မာနိုင်ငံတွင်း တွေ့ရှိခဲ့သော အချက်များကို ကုလသမဂ္ဂသို့ အစီရင်ခံစာတင်သွင်းမည်ဖြစ်ကြောင်း ရန်ဟီးလီကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.