Videos
ရန်ကုန် မြို့တော် မဟာ သြင်္ကန် ဗဟို မဏ္ဍပ် စတင် ဖွင့်လှစ်
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)
၁၃၇၉ ခုနှစ် မဟာသြင်္ကန် ရန်ကုန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲကို သြင်္ကန်အကြိုနေ့ ဧပြီ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော် ခန်းမ ရှေ့ ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ သည်။
အခမ်းအနားတွင် ဦးဖြိုးမင်းသိန်းက “ရန်ကုန်မြို့တော်ကြီးမှာနေထိုင်တဲ့ မြို့သူမြို့သားအားလုံး မင်္ဂလာရှိတဲ့ နှစ်သစ်မင်္ဂလာဖြစ်ပါစေလို့ နှုတ်ခွန်းဆက်သပါတယ်။ မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ် ရဲ့ပြီးဆုံးတော့မယ့် ကာလလေးပဲဖြစ်ပါတယ်။ မကြာခင်မှာ ၁၃၈၀ ပြည့်နှစ်ကိုရောက်ရှိတော့မှာဖြစ်ပါတယ်။နှစ်ဟောင်းကို အတာရေတွေနဲ့နှုတ်ဆက်ပြီး နှစ်သစ်ကို စိတ်ဓာတ်ခွန်အားတွေနဲ့ ကြိုဆိုကြမှာဖြစ်ပါတယ်’’ ဟုပြောကြားခဲ့သည်။
နှစ်သစ်ကိုကြိုဆိုရင်း နှစ်ဟောင်းကို ပြန်လည်သုံးသပ်ရင်းနှင့် ခေတ်သစ်၊ စနစ်သစ် ကိုပြုပြင်ပြောင်းလဲရေးကို ဝိုင်းဝန်းကြိုးစားရမည့် အချိန်ကာလဖြစ်ကြောင်း၊ သြင်္ကန်ပွဲတော်ဆိုသည်မှာ မြန်မာတို့ ၏ နှစ်သစ်ကိုကြိုဆိုသည့် ပွဲဖြစ်သလို နှစ်ဟောင်းအား အတာရေ နှင့် ဆေးကြောကာ နှစ်သစ်ကို စိတ်ဓာတ်ခွန်အားအပြည့်နှင့် ရုန်းကန်ကြဖို့လိုအပ်ကြောင်း ဦးဖြိုးမင်းသိန်းကဆိုသည်။
ယင်းနောက် မေမေများအဖွဲ့၊ မမများအဖွဲ့ တို့မှ ကပြဖျော်ဖြေခဲ့ပြီး၊ ရိုးရာ အက ယိမ်းအဖွဲ့များဖြင့် ကပြ ဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်ခဲ့သည်။ (Xinhua)