Connect with us

Videos

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ ကျင်းပ

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

Yangon Investment Forum 2018 (ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ ) ကို ရန်ကုန်မြို့ ရှိ နိုဗိုတယ်ဟိုတယ်တွင် ယနေ့ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းမှ မောင်းထု၍ ရင်းနှီးမြှုပ်နှံမှုဖိုရမ်အားဖွင့်လှစ်ပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြုပ်နှံမှုများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် လာရောက်ရင်းနှီးမြုပ်နှံသူများ အားလုံး၏ စီးပွားရေးလုပ်ငန်းများ အဖက်ဖက်မှ ကူညီပေးသွားရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ မှ Yangon Investment Forum 2018 တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း က “ မြန်မာနိုင်ငံရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ အခြေခံအဆောက် အအုံ နဲ့ ပတ်သက်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့ဟာ ရေကြောင်းလည်းရှိပြီး အချက်အချာကျတဲ့ နေရာတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ပြည်တွင်း-ပြည်ပ မခွဲခြားပဲ ညီညွတ်မျှတစွာ ဆောင်ရွက်ဖို့မျှော်လင့်ပါတယ်။’’ ဟုပြောကြားခဲ့သည်။

“ ရင်းနှီးမြုပ်နှံမှုတွေကို ဆောင်ရွက်ကြမယ့် ကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေ အားလုံးအတွက် ရလဒ်ကောင်းတွေ ရကြမယ်လို့ ယူဆပါတယ်။ ဒီဆွေးနွေးပွဲကနေ ရန်ကုန်မြို့မှာ ဘာတွေရင်းနှီးမြုပ်နှံသင့်ပြီး ဘယ်အခြေအနေတွေဟာ စီးပွားရေးလုပ်ငန်းအတွက် အခွင့်အလမ်းကောင်းတွေ ရှိတယ်ဆိုတာ ဒီနေ့ဆွေးနွေးပွဲကနေ စဉ်းစားစရာ၊ လေ့လာစရာတွေကို များစွာပေးနိုင်မယ့် Forum ကြီး တစ်ခုဖြစ်တယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.