Videos
ရန်ကုန်လမ်းလျှောက်သြင်္ကန်
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)
ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် လမ်းလျှောက်သြင်္ကန်ပွဲ ကို မဟာဗန္ဓုလ ပန်းခြံလမ်းတွင် ကျင်းပလျက်ရှိသည်။
လမ်းလျှောက်သြင်္ကန်ကျင်းပရာတွင် ခေတ်သုံးခေတ်ကို ကိုယ်စား ပြုကာ မြန်မာ့ရိုးရာ နန်းတွင်း ရှေးခေတ်သြင်္ကန်၊ ကျေးလက်သြင်္ကန်၊ ခေတ်ပေါ်သြင်္ကန်တို့နှင့် ကျင်းပလျက်ရှိ ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန် လမ်းလျှောက်သြင်္ကန်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မဟာဗန္ဓုလပန်းခြံဘေး၊ ကန်တော်ကြီး မြေပဒေသာကျွန်း နှင့်ဦးဥတ္တမ ပန်းခြံ (ယခင် ကန်တော်မင်ပန်းခြံ) ၃ နေရာတို့၌ ကျင်းပလျက်ရှိသည်။ အဆိုပါ လမ်းလျှောက်သြင်္ကန် ကျင်းပမည့် နေရာများတွင် စတုဒီသာ များ ကျွေးမွေး လျက်ရှိသည်။ ပြီးခဲ့သည့်နှစ်သြင်္ကန်တွင် ရန်ကုန် မြို့ပေါ်၌ ဗဟိုမဏ္ဍပ်တစ်ခုတည်း ကိုသာ အဓိကထားပြီး ရေကစားခွင့်ပြုခဲ့ရာမှ ယခုနှစ် ရန်ကုန်သြင်္ကန် သည် ဖျော်ဖြေ ရေးမဏ္ဍပ် ၃၅ ခုနှင့် ဖျော်ဖြေရေး နှင့်ရေကစားမဏ္ဍပ်အခု ၆ဝ ဆောက်လုပ် ခွင့်ပြုထားကြောင်း သိရသည်။ (Xinhua)