Videos
ရေလျှံနေသည့် တံတားပေါ်တွင် သံလမ်းများမပျက်စီးစေရန် ကုန်တင်ရထားများ ရပ်တန့်၍ ဟန်ချက်ထိန်းညှိပေး
အန်းဟွေး၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အန်းဟွေးပြည်နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားလျှက်ရှိရာ တံတားနှစ်စင်းပေါ်ရှိ ရထားသံလမ်းများပျက်စီးသွားခြင်းမရှိစေရန် ကုန်တင်းရထားများ ရပ်တန့်၍ တံတားဟန်ချက် ထိန်းညှိပေးခဲ့သည်။ Cihu မြစ်ရေသည် စိုးရိမ်ရေမှတ်သို့မြင့်တက်ကျော်လွန်လာခဲ့သောကြောင့် ၁၂၅ ကီလိုမီတာ အရှည်ရှိသည့် ရထားသံလမ်းအား ကာကွယ်ရန် ရထား ၅ စင်းက သံလမ်းပေါ် ရပ်တန့်ကာ ဟန်ချက် ထိန်းပေးထားခြင်း ဖြစ်သည်။ ထိုရထားလမ်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်းကျန်းစုပြည်နယ်ရှိ နန်ကျင်းမြို့နဲ့ အန်းဟွေးပြည်နယ် ဝူဟူမြို့တို့ကို ချိတ်ဆက်ပြေးဆွဲပေးသည့် ရထားလမ်းလည်းဖြစ်ကြောင်းသိရသည်။ (Xinhua)