Connect with us

Videos

ရှင်းကျန်းရှိ တာ့လီမခန်းသဲကန္တာရဖြတ်ကျော် ရထားလမ်း၏ အဓိက ရထားလမ်းပိုင်း ပြီးစီး

ဝူးလူမုချီ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ minfeng စီရင်စုတွင် တာ့လီမခန်းသဲကန္တာရဖြတ်ကျော် ရထားလမ်း၏ နောက်ဆုံးအပိုင်းဖြစ်သည့် Hotan-Rouqiang ရထားလမ်း၏ သံလမ်းချထားခြင်းလုပ်ငန်းသည် ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြီးစီးခဲ့ပြီဟုသိရသည်။

Hotan-Ruoqiang ရထားလမ်းဖောက်လုပ်ခြင်းအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင်စတင်ခဲ့သည်။ အမျိုးသားအဆင့်အဓိက စီမံကိန်းတစ်ခုဖြစ်သည့် အဆိုပါ စီမံကိန်းသည် ရထားလမ်းအရှည် ၈၂၅ ကီလိုမီတာရှိပြီး Bayingolinမွန်ဂိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Ruoqiang ကောင်တီနှင့် Hotan စီရင်စု၊ Hotan မြို့တို့ကို ချိတ်ဆက်ပြေးဆွဲမည်ဖြစ်သည်။

ရထားလမ်းစတင်ပြေးဆွဲပါက ယခင်ရှိပြီးသား ရထားလမ်းများဖြစ်သည့် Golmud-Korla ရထားလမ်း၊Kashgar-Hotan ရထားလမ်းနှင့် ရှင်းကျန်းဒေသတောင်ပိုင်း ရထားလမ်းများနှင့်ချိတ်ဆက်ပြေးဆွဲနိုင်ပြီး တာ့လီမခန်းသဲကန္တာရတစ်ခုလုံးကို ရထားခရီးစဉ် အပြည့်အဝ ပြေးဆွဲနိုင်မည်ဖြစ်သည်။

Hotan-Ruoqiang ရထားလမ်း အင်ဂျင်နီယာချုပ် Yang Baorong က “ယခုရထားလမ်းဟာ တာ့လီမခန်းသဲကန္တာရ တောင်ပိုင်းစွန်းတစ်ခုလုံးကို ဖြတ်ကျော်ပြေးဆွဲနိုင်မှာဖြစ်ပါတယ်၊ သဲမုန်တိုင်းတွေကြောင့် ရထားလမ်းတည်ဆောက်မှုကိုအနှောင့်အယှက်ဖြစ်ရတဲ့အပြင် ရထားသံလမ်းတစ်ခုလုံးလည်း သဲတွေဖုံးလွှမ်းသွားနိုင်ပါသေးတယ်” ဟုဆိုသည်။

ရှင်းကျန်း Hotan-Rouqiang ရထားလမ်းဖောက်လုပ်ရေးကုမ္ပဏီဥက္ကဌ Wang JinZhong က “တရုတ်နိုင်ငံမှာ ယခင်က မလုပ်ဆောင်ခဲ့ဖူးတဲ့ ရထားလမ်းဖောက်လုပ်ခြင်းနှင့်အတူ သဲကန္တာရစိမ်းလန်းစိုပြည်ရေးကို အခုစီမံကိန်းမှာပူးတွဲလုပ်ဆောင်နေတာဖြစ်ပါတယ်။ ရထားလမ်းတစ်လျှောက်မြက်ခင်းပြင်အကျယ်အဝန်း သန်း ၅၀ စတုရန်းမီတာ နှင့် မျိုးစေ့ပေါင်း ၁၃ သန်း ထည့်သွင်း စိုက်ပျိုးခဲ့ပါတယ်၊ ဒီမှာ သဲမုန်တိုင်းကလည်းသိပ်ပြီးအားကောင်းတာကြောင့်ဘေးကင်းတဲ့လမ်းကြောင်းမောင်းနှင်မှုဖြစ်စေဖို့ လျှိုမြောင်၊ကုန်းတံတားစသဖြင့်ကိုလည်းထည့်သွင်းဆောက်လုပ်ရပါတယ်””ဒီရထားလမ်းရဲ့ အဓိက ထူးခြားချက်ကတော့ သဲကန္တာရ အလယ်မှာဖောက်လုပ်ရတာဖြစ်ပါတယ် ၊ ရထားလမ်းရဲ့ စုစုပေါင်းအရှည်က ၈၂၅ ကီလိုမီတာ ရှိပြီးတော့ ရထားလမ်းစုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်ရှိတဲ့အကွာအဝေး ၆၃၀ ကီလိုမီတာကျော်ဟာ သဲကန္တာရထဲမှာဖောက်လုပ်ထားတာပါ “ဟုဆိုသည်။

ဒေသတွင်းအရေးပါသည့်ရထားလမ်းတစ်ခုဖြစ်သည့်အားလျော်စွာ Hotan-Ruoqiang ရထားလမ်းအား ၂၀၂၂ ခုနှစ် ဇွန်လတွင်ဖွင့်လှစ်ရန်လျာထားသည်။

ရထားလမ်းဖွင့်လှစ်ပြီးပါက ရှင်းကျန်းဒေသတောင်ပိုင်း စီရင်စု၅ ခုနှင့် ရှင်းကျန်း ထုတ်လုပ်ရေးနှင့်တည်ဆောက်ရေးကော်ပိုရေးရှင်း၏ အဓိကမြို့များအား ပြည်နယ်ချင်းချိတ်ဆက်ရထားလမ်းကွန်ရက်ဖြင့်ချိတ်ဆက်နိုင်တော့မည်ဖြစ်ရာ၎င်းမှာ ရှင်းကျန်းဒေသတောင်ပိုင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအားမြှင့်တင်နိုင်မည့်ကြီးမားသည့်အထောက်အပံ့ဖြစ်ကြောင်းသိရသည်။ (Xinhua)
………………………………
(English Version)
GLOBALink | Track-laying work for major railway in China’s Xinjiang completed

URUMQI, Sept. 27 (Xinhua) — The track-laying work for the Hotan-Ruoqiang Railway, the final section of the Taklimakan Desert railway loop line, was completed on Monday morning in Minfeng County in northwest China’s Xinjiang Uygur Autonomous Region.
Construction on the Hotan-Ruoqiang Railway started in December 2018. As a key national railway project extending over 825 km, it links up Hotan City in Hotan Prefecture with Ruoqiang County in Bayingolin Mongolian Autonomous Prefecture.
When the railway goes into operation, it will fully encircle the Taklimakan Desert when connected with the existing Golmud-Korla Railway, the Kashgar-Hotan Railway and a number of other southern Xinjiang railways.
“This railway line runs through the southern edge of the Taklimakan Desert. Sandstorms pose a serious threat to railway construction and operation as tracks can be buried,” said Yang Baorong, chief designer of the Hotan-Ruoqiang Railway.
Wang Jinzhong, chairman of Xinjiang Hotan-Ruoqiang Railway Co., Ltd., said anti-desertification programs and railway construction were carried out simultaneously, which is unprecedented in China. A total of 50 million square meters of grass grids were laid and 13 million seedlings were planted. Where the threat of sandstorms is greatest, viaducts were built to allow for safe passage.
As an important regional railway included in the national medium- and long-term railway network plan, the Hotan-Ruoqiang Railway is expected to open in June 2022.
At that time, five counties in southern Xinjiang and certain towns of the Xinjiang Production and Construction Corps will be connected to the provincial rail network, which is of great significance to promoting the economic and social development of southern Xinjiang.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.