Videos
ရှားပါးကျားအကောင်ရေ ၁ထောင်ကျော် မွေးမြူထားသည့်တရုတ်နိုင်ငံရှိ ဆာဘီးယန်းကျားဥယျာဉ်
ဟေလုံကျန်း၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် မျိုးသုဉ်းပျောက်ကွယ်နိုင်သည့်ရှားပါး တိရစ္ဆာန်များ ကို ကယ်တင်ရန်သည့် မွေးမြူစောင့်ရှောက်ရေးအစီအစဉ်များကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဟေလုံကျန်းပြည်နယ် ရှိ ဟေလုံကျန်းဆာဘီးယန်းကျားဥယျာဉ်တွင် ၁၉၈၆ ခုနှစ်ကတည်းက ဆာဘီးယားကျားပေါင်း ၈ ကောင် ကို မွေးမြူခဲ့ရာမှာ ယခုအချိန်တွင် ကျားအကောင်ရေ ၁ထောင်ကျော် ရှိပြီဖြစ်သည်။
ဥယျာဉ်ထဲတွင်လည်း ကျားအစာကျွေးသူပေါင်း အယောက် ၄ဝ ကျော်ကို ခန့်အပ်ထားပြီး အများစုမှာ အမျိုးသားဝန်ထမ်းများဖြစ်သည်။ ၎င်းတို့မှာ နေ့စဉ် ကျားတစ်ကောင်ချင်းစီကို ကျန်းမာရေးကောင်းမကောင်း စစ်ဆေးရသည့်အပြင် ကျားအကောင်ပေါက်လေးများကို အစာကျွေးပေးရပြီး လှောင်အိမ်များကိုလည်း သန့်ရှင်းရေးဆောင်ရွက်ပေးရသည်။ ဆာဘီးယန်းကျားများမှာ ရုရှားနိုင်ငံ အရှေ့ပိုင်း၊ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း နှင့် ကိုရီးယား ကျွန်းဆွယ်မြောက်ပိုင်းတို့တွင်အဓိကနေထိုင်ကျက်စားကြသည်။
မကြာသေးမီ နှစ်များက ဆာဘီးယန်းတောရိုင်းကျားများကိုရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ် အရှေ့မြောက်ပိုင်းဟေလုံကျန်း ပြည်နယ်နှင့် ကျိလင်ပြည်နယ်တို့တွင် များစွာရှာဖွေတေ့ွရှိခဲ့သည်။ မေလအထိ ဟေလုံကျန်းပြည်နယ်တစ်ခုတွင်ပင် ဆာဘီးယန်းကျားရိုင်းကောင်ရေရှာဖွေတွေ့ရှိမှုအကြိမ်ပေါင်း၄ဝဝ ခန့်အထိ ရှိခဲ့ကြောင်းသိရသည်။ (Xinhua)