Videos
လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တရုတ်နှင့် ဇင်ဘာဘွေ သဘောတူ
ဟာရေး၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အာဖရိကနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေ စဉ် အတွင်း ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီ နှင့် နိုင်ငံတော် အိမ်ဂေဟာ၌ တွေဆုံအပြီး နှစ်နိုင်ငံ လက်တွေကျသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံ ဖွံ့ဖြိုးမှုနှင့် ကြွယ်ဝချမ်းသာမှု တိုးမြှင့်ရန် ခိုင်မာသောတွန်းအား အဖြစ် လုပ်ဆောင်သွားမည်ဟု ဒီဇင်ဘာလ ၁ ရက်နေ့က သဘောတူခဲ့ကြသည်။
တရုတ်နှင့် ဇင်ဘာဘွေ နိုင်ငံတို့သည် ရှည်လျားသော ဆက်ဆံရေးသမိုင်းကြောင်း ရှိခဲ့သလို ခိုင်မာသည့် ဆက်ဆံရေးများ ကြောင့် စစ်မှန်သော မိတ်ဆွေကောင်းများ ဖြစ်ကြောင်း လက်တွေ့ ပူးပေါင်း ဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်မြင့်တင်ရေး နှင့် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးကျေးဇူးများ ယူဆောင်ပေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း ရှီက ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်နှင့် အာဖရိက ခေါင်းဆောင်များသည် တရုတ်-အာဖရိက ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာမြောက် ရှေ့ဆက်ဆောင်ရွက်ကြရန်၊ တရုတ်-အာဖရိက ရင်းနှီးချစ်ကြည်မှုနှင့် ပူးပေါင်းဆောင် ရွက်မှု မျှော်လင့်ချက် အသစ် လမ်းပွင့်စေရန် စသည့် ကိစ္စရပ်များအား တရုတ်-အာဖရိက ပူးပေါင်းဆောင် ရွက်မှု ဖိုရမ်၌ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံ သမ္မတ နှစ်ဦးသည် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် နှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ ထုတ်ကုန်စွမ်းရည်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေး အစရှိသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအား လက်မှတ်ရေးထိုးခဲ့ကြသည်။ (Xinhua)