Videos
လူပေါင်း (၅)သောင်းကျော်ထိုက်ချိအားစုပေါင်းလေ့ကျင့်
ဟီနန်၊ အောက်တိုဘာ (၁၉)ရက်၊ ဆင်ဟွာ
တရုတ်နိုင်ငံ ဟီနန်ပြည်နယ် ကျောင်းကျော့မြို့ရှိ နေရာ ၁၅ ခုတွင် အောက်တိုဘာလ (၁၈) ရက်နေ့က လူပေါင်း ၅သောင်းကျော်သည် ထိုက်ချိ ကို တစ်ပြိုင်တည်း စုပေါင်းလေ့ကျင့်ခဲ့ကြပြီး ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာစုပေါင်း လေ့ကျင့်မှုအဖြစ် ကမ္ဘာ့ ဂင်းနစ် စံချိန်တင်နိုင်ရန် ကြိုးပမ်းခဲ့သည်။
ကျောင်းကျော့မြို့သည် တရုတ်ရိုးရာကိုယ်ခံပညာတစ်မျိုး ဖြစ်သော ထိုက်ချိ (ခေါ်) ထိုက်ချိချွမ် အားကစား စတင်ရာမြို့ဖြစ်ပြီး ထိုမြို့ကတစ်ဆင့် တရုတ်နိုင်ငံ တဝှမ်းလုံးနှင့် တစ်ကမ္ဘာလုံး တွင် ထိုက်ချိချွမ်းအားကစားကို ကျန်းမာရေး နှင့် ကိုယ်ခံပညာရပ်တစ်ခုအဖြစ် စတင်ကျင့်သုံးစေသည့်နေရာ လည်းဖြစ်သည်။ (Xinhua)