Videos
လွိုင်ကော်မီးသတ်တပ်ဖွဲ့က ကယ်ဆယ်စောင့်ရှောက်ထားသည့် ရှားပါး ဝံကြောင်လေးတစ်ကောင် (ရုပ်သံ)
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်၊ ရုပ်သံ/စုဝင့်
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တိရစ္ဆာန်မျိုးစိတ်များထဲတွင် အပါအဝင်ဖြစ်သည့် ရှားပါးဝံကြောင်တစ်ကောင်ကို ကယားပြည်နယ် လွိုင်ကော်မီးသတ်တပ်ဖွဲ့က ကယ်ဆယ်၍ ဆေးကုသပေးထားကြောင်း နှင့် ဒဏ်ရာများသက်သာလျက်ရှိကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ရှားပါးဝံကြောင်သည် အမဝံကြောင်တစ်ကောင် ဖြစ်ပြီး အရွယ်အစားက အမြီးကနေ ခေါင်းအထိ ၃ ပေခန့်ရှိ ကြောင်းသိရသည်။ ၎င်းသည် အများပြည်သူအား ရန်မူသောကြောင့် မြို့ခံများက ရိုက်နှက်ဖမ်းဆီးခဲ့ရာ မျက်လုံးတစ်ဖက်တွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။
သစ်တော ဦးစီးဌာန၏ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာဥပဒေပုဒ်မ ၁၉ ၊ ပုဒ်မခွဲ (က) အရ မြန်မာနိုင်ငံတစ်ဝန်း လုံးတွင် မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တိရစ္ဆာန် များထဲတွင် ဝံကြောင်တိရစ္ဆာန် မျိုးစိတ် လည်းပါဝင်ကြောင်း ၂၀၂၀ ပြည့်နှစ် မတ် ၄ ရက်တွင် ထုတ်ပြန်ထားသည်။ (Xinhua)