Videos
ဝါးလုံးဖြင့် မြစ်ကြောင်းတစ်လျှောက်သွားလာကြသူများ
ကွေ့ကျိုး၊ သြဂုတ် ၂ ရက်(ဆင်ဟွာ)
ဝါးလုံးတစ်လုံးတည်းပေါ်တွင်စီးနင်းကာ မြစ်ကြောင်းတစ်လျှောက်သွားလာကြသည့်ဓလေ့ကို တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချီရွှေ့မြစ်ကမ်းတစ်လျှောက်နေထိုင်သူများက ရှေးယခင်က ကျင့်သုံးခဲ့ကြသည်။ ယခင်က တံတားကြီးများ၊ သင်္ဘောများမပေါ်ပေါက်သေးသည့်အချိန်တွင် ရေကြောင်းခရီးဖြင့်သွားလာပါက ထိုသို့ပင် ဝါးလုံးများကိုအားကိုးကာ သွားလာခဲ့ကြခြင်းဖြစ်သည်။အရှည် ၈မီတာရှိသည့် ဝါးလုံးတစ်လုံးမှာ အလေးချိန် ၈ဝ ကီလိုဂရမ်ကို ခံနိုင်ရည်ရှိသည်။ ရေထဲတွင် ဝါးလုံးကိုသာ အားပြုပြီး သွားလာရ သောကြောင့် ဟန်ချက်ညီစေရန်နှင့် လိုရာခရီးရောက်စေရန် လှော်တက်အဖြစ် နောက်ထပ်ဝါးလုံးတစ်လုံးကို အသုံးပြုရသည်။ ယနေ့ခေတ်တွင်ထိုသို့ဝါးလုံးဖြင့် ခရီးသွားလာခြင်းမရှိတော့သော်လည်း ဝါးလုံးတစ်လုံးဖြင့်မြစ်ကြောင်းထဲတွင် စုန်ဆန် သွားလာခြင်းကို အားကစားတစ်ရပ်အနေဖြင့် သတ်မှတ်ခဲ့ရာ လူကြိုက်များသည့် အားကစားနည်းတစ်မျိုးဖြစ်လာခဲ့သည်။ (Xinhua)