Connect with us

Videos

နိုင်ငံပေါင်း ၁၃ နိုင်ငံပါဝင်သည့် Noble Partner စစ်ရေးလေ့ကျင့်မှု အစီအစဉ်

တီဗီလီစီ၊ သြဂုတ် ၂ ရက်(ဆင်ဟွာ)

နိုင်ငံပေါင်း ၁၃ နိုင်ငံပါဝင်သည့် Noble Partner 2018 စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ဂျော်ဂျီယာနိုင်ငံ Vaziani စစ်အခြေစိုက်စခန်း၌ သြဂုတ် ၁ ရက်ကစတင်ခဲ့ပြီး ယင်းလေ့ကျင့်မှုတွင် စစ်သားပေါင်း ၃ဝဝဝ ကျော်ပါဝင်သည်ဟု ဂျော်ဂျီယာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

အာမေးနီးယား၊ အဇာဘိုင်ဂျန် ၊ ဗြိတိန် ၊ အက်စ်တိုးနီးယား ၊ ပြင်သစ် ၊ ဂျာမနီ ၊ လစ်သူယေးနီးယား ၊ နော်ဝေ ၊ ပိုလန် ၊ တူရကီ ၊ ယူကရိန်း နှင့် အမေရိကန်နိုင်ငံတို့ပါဝင်ကြပြီး လေ့ကျင့်မှုမှာ သြဂုတ် ၁၆ ရက်တွင် အဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။

နှစ်ပတ်ကြာပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုကို ဂျော်ဂျီယာ၊အမေရိကန် နှင့် ဂျာမနီနိုင်ငံများမှ တပ်ဖွဲ့များက လေကြောင်းချီစစ်ဆင်ရေးတစ်ခုဖြင့် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

နှစ်စဉ်ပြုလုပ်သော စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်များမှာ သက်ဆိုင်ရာပါဝင်သည့် နိုင်ငံများ၏အသင့်အနေအထားရှိမှု နှင့် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်မှုကို မြှင့်တင်ရန် ဖြစ်ကြောင်း ဆိုသည်။ အဆိုပါလေ့ကျင့်မှုတွင် ထိုးစစ် နှင့် ခံစစ် စစ်ဆင်ရေးများတွင် စစ်မြေပြင် ထောက်ပံံ့ရေး အပြန်အလှန်အစီအစဉ်များအပါအဝင် မြေပြင် တိုက်ခိုက်မှုများလည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.