Connect with us

Videos

သစ်သားဖြင့်တည်ဆောက်ထားသောကမ္ဘာ့အမြင့်ဆုံး နှင့် သက်တမ်းအရှည်ဆုံးဘုရားကျောင်း ဂင်းနစ်စံချိန်တင်

ရှန်ရှီး၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ရှီးပြည်နယ် ရင်ရှင်းတွင်တည်ဆောက်ထားသော စကြာမုနိဟုအမည်တွင်သည့် ဘုရားကျောင်းမှာ သက်တမ်း အားဖြင့် နှစ်ပေါင်း ၉၆ဝ နှစ်နီးပါးရှိပြီဖြစ်ပြီး သစ်သားဖြင့်တည်ဆောက်ထားသော ကမ္ဘာ့အမြင့်ဆုံး ဘုရားကျောင်း အဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့သည်။

ထိုဘုရားကျောင်းမှာ ၁ဝ၅၆ ခုနှစ်ကတည်းက တည်ဆောက်ထားခြင်းဖြစ်ပြီး ၆၇.၃၁ မီတာ အမြင့်ရှိသည်။ ဘုရားကျောင်းတည်ဆောက်ရာတွင်သံထည်ပစ္စည်းများကို လုံးဝအသုံးမပြုထားဘဲ သစ်သားများဖြင့်သာအသုံးပြုထားသည်။ ဘုရားကျောင်းတွင် အထပ်ကိုးထပ်ရှိပြီး အလွှာငါးလွှာဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။ ထိုဘုရားကျောင်းမှာ ၁၉၆၁ ခုနှစ် ကတည်းကပြည်နယ်အဆင့်ကာကွယ်ထိန်းသိမ်းထားပြီး ၁၉၉၆ ခုနှစ်တွင် UNESCO ၏ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းအဖြစ်စာရင်းသွင်းခဲ့ပြီးဖြစ်ကာ ယခုတွင် သစ်သားဖြင့်တည်ဆောက်ထားသော ကမ္ဘာ့အမြင့်ဆုံး ဘုရားကျောင်း အဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.