Videos
သဘာဝဘေးဒဏ် ခံ ဒေသများ ပြန်လည် ထူထောင်ရေး ဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်မှ ချေးငွေ ပေးအပ်
ရန်ကုန် ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် ဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၂ဝဝ ရရှိမည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။
ယခုချေးငွေဖြင့် ယခင်နှစ်က သဘာဝဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရသည့် ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အထူး အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ပြီးရေကြီးရေလျှံမှုနှင့် မြေပြိုခြင်းကြောင့် အရေးပေါ် ဒေသများအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်း စီမံချက်အဖြစ် သဘာဝဘေးဒဏ်ကို ခံနိုင်ရည်ရှိသည့် လမ်းများ ဆောက်လုပ်ရန် ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ နှင့် စိုက်ပျိုးရေး လုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အသုံးပြုသွားမည်ဖြစ်သည်။ (Xinhua)