Connect with us

Videos

တူရကီတွင် စစ်အာဏာသိမ်းရန် ကြံစည်မှု ဖြစ်ပွားခဲ့သော်လည်း တူရကီ အစိုးရ ထိန်းချုပ်နိုင်ခဲ့

အစ္စတန်ဘူလ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံတွင် စစ်အာဏာ သိမ်းရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့သော်လည်း လက်ရှိအချိန်အထိ သမ္မတ Recep Tayyip Erdogan အစိုးရကပင် ဆက်လက် အာဏာရှိနေဆဲ ဖြစ်ကြောင်း တူရကီ သမ္မတ Recep Tayyip Erdogan က ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
စစ်တပ်အနေဖြင့် တူရကီနိုင်ငံအား အုပ်ချုပ်မည် မဟုတ်သလို အုပ်ချုပ်နိုင်မည်လည်း မဟုတ်ကြောင်း သမ္မတ အစ္စတန်ဘူလ်ရှိ Ataturk လေဆိပ်၌ နှစ်နာရီ နီးပါးကြာ မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။
သမ္မတ Erdogan ကလည်း အာဏာသိမ်းရန် လျှို့ဝှက် ကြံစည်သူများကို အပြီးသတ် ချေမှုန်းသွားမည် ဖြစ်ပြီး စစ်တပ်အတွင်း ရှင်းလင်းရေးများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ဇူလိုင်လ၁၆ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင်ရရှိထားသည့်သတင်းများအရ အာဏာသိမ်းမှုတွင် ပါဝင်ခဲ့သည့် စစ်တပ် အရာရှိ ၁၅ဝဝ ကျော် ကို ထိန်းသိမ်းထားကြောင်း၊ အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် မြို့တော် အန်ကာရာ၌ အနည်းဆုံး လူ ၉ဝ ဦးကျော် သေဆုံးခဲ့သလို လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိ အချိန်တွင် ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း အစိုးရ ရှေ့နေရုံးမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.