Connect with us

Videos

သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ် ယန်ဇီမြစ်အတွင်း ငါးဖမ်းခြင်း ၁၀ နှစ် ပိတ်ပင်

ပေကျင်း၊ ဩဂုတ် ၁၂  ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရက တရုတ်နိုင်ငံ၏ အရှည်ဆုံးမြစ်ကြီးတစ်စင်းဖြစ်သည့် ယန်ဇီမြစ်တွင် ငါးဖမ်းခွင့်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ပြီး ၁၀ နှစ်အထိ ပထမဆုံးအကြိမ်အဖြစ် တိုးမြှင့်ပိတ်ပင်လိုက်ကြောင်း သိရသည်။ ယခင်က ယန်ဇီမြစ်၏ ရေထွက်ကုန်ပစ္စည်းများကို နန်ကျင်းမြို့ရှိ ဈေးများနှင့် စားသောက်ဆိုင်များ တွင် တွေ့မြင်နိုင်သည်။

နန်ကျင်းဈေး၌ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးဆိုင်ရှင် Sun Dalin ကအရင်ကဆိုရင် ဈေးတွေနဲ့ စားသောက်ဆိုင်တွေမှာ ယန်ဇီမြစ်ကထွက်တဲ့ ရေထွက်ကုန်တွေကိုရောင်းခဲ့တယ် ယန်ဇီမြစ်ထဲမှာ ငါးအလွန်အကျွံဖမ်းခြင်းက ရေထွက်ကုန်အရင်းအမြစ်ကိုလျော့ပါးစေပါတယ်၊ ငါးဖမ်းခွင့်လည်းပိတ်လိုက်ရောကျွန်တော်တို့ အပါအဝင် ဈေးထဲက ဆိုင်တွေလည်း မြစ်ထဲက ထွက်တဲ့ ထွက်ကုန်တွေ မရောင်းဖြစ်တော့ပါဘူး ဟုဆိုသည်။

နန်ကျင်းမြို့မှ စားသောက်ဆိုင်မန်နေဂျာ Li Cui ကလည်းအရင်ကတော့ ယန်ဇီမြစ် က ဖမ်းယူရရှိတဲ့ ငါး တွေဖြစ်တဲ့ ငါးပူတင်း ငါးခူနဲ့ ငါးဖယ်  စတဲ့ ရေထွက်ကုန်ပစ္စည်းတွေကြောင့် ကျွန်မတို့အတွက် အမြတ် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိရရှိခဲ့ပါတယ် အခုအချိန်မှာတော့ ကျွန်မတို့ ဆိုင်ခွဲတွေအားလုံးမှာ ယန်ဇီမြစ်ရဲ့ ရေထွက်ကုန်တွေကို ရောင်းဝယ်ဖို့ခွင့်မပြုတော့ပါဘူးဟုဆိုသည်။

ယန်ဇီမြစ်ဝန်းဒေသတွင် ရေသတ္တဝါမျိုးစိတ်ပေါင်း ,၃၀၀ ကျော် ကျက်စားနေထိုင်လျက်ရှိသည်။ တရားမဝင်ငါးဖမ်းခြင်းကြောင့် ရေသတ္တဝါမျိုးစိတ်များလျော့နည်းပပျောက်လာခြင်းကို ကာကွယ်ရန်အတွက် ငါးဖမ်းခြင်းကိုတားမြစ်ရန်မှာ အလွန်အရေးပါလာခဲ့သည်။

Nanjing Normal University တက္ကသိုလ်က ပါမောက္ခYang Guang ကအရင်က တော့ ငါးဖမ်းခြင်းကိုမြစ်ရဲ့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ်လည်း အချိန်အတိုင်းအတာ တစ်ခုကန့်သတ်ပြီးတော့ တားမြစ်ခဲ့တာမျိုးရှိခဲ့ပါတယ်။ ဒါပေမဲ့ ယန်ဇီမြစ်တစ်ခုလုံးမှာ ၁၀ နှစ်တိတိ ငါးဖမ်းခြင်းပိတ်ပင်လိုက်တာကတော့ သမိုင်းတစ်လျှောက်ဒါပထမဆုံးအကြိမ်ပါပဲ၊ ဒါဟာ ဘာကိုဖော်ပြသလဲဆိုတော့ တရုတ်နိုင်ငံအနေနဲ့ယန်ဇီမြစ်ရဲ့ ဇီဝ မျိုးစိတ်တွေနဲ့ ဂေဟဗေဒ စနစ်ထိန်းသိမ်းစောင့်ရှောက်ခြင်းကို အထူးအလေးထားဆောင်ရွက်တယ်ဆိုတာကို ပြသလိုက်တာပဲဖြစ်ပါတယ် ဟုဆိုသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.