Videos
ဟောင်ကောင်နှင့် ကွေ့ကျိုး၄၅ မိနစ်အတွင်းသွားလာနိုင်မည့်ကျည်ဆန်ရထားလမ်းဖွင့်လှစ်တော့မည်
ကွေ့ကျိုး၊ ဧပြီ ၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံကွေ့ကျိုး၊ ရှန်းကျန့်၊ ဟောင်ကောင် မြန်နှုန်းမြင့်ရထားလမ်းကို မကြာမီဖွင့်လှစ်တော့ မည်ဖြစ်ပြီး ဟောင်ကောင်ဘက်လမ်းပိုင်း မှာ စမ်းသပ်ပြေးဆွဲနေပြီဖြစ်ကြောင်းသိရသည်။ ရထားလမ်းအရှည် ၂၆ ကီလိုမီတာ ရှိ ပြီး ယခုနှစ်အတွင်းတရားဝင်ဖွင့်လှစ်မည်ဟုသိရသည်။ ထို မြန်နှုန်းမြင့် ကျည်ဆန်ရထားက တစ်နာရီလျင်၂ဝဝ ကီလိုမီတာအမြန်နှုန်း ပြေးဆွဲမည်ဖြစ်ပြီးဟောင်ကောင်နှင့် ကွေ့ကျိုးသွားလာရန်ကြာမြင့်ချိန် ၄၈ မိနစ်သာရှိတော့မည်ဖြစ်သည်။ ထိုရထားလမ်းတွင် လူပေါင်း ၁သိန်းခန့်နေ့စဉ်သွားလာနိုင်ရန် စီစဉ်ထားသည်။(Xinhua)