Videos
အဆင့်မြင့် နည်းပညာသုံး စက်ရုပ်များ၏အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာဖွယ်ရှိ
ဟူပေ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
စက်ရုပ်တွေဟာ မီးငြိမ်းသတ်ရာမှာ ကူညီပေးနိုင် သကဲ့သို့ မိုင်းရှင်းလင်းရေးလုပ်ငန်း များ၊ ရေအောက်လေ့လာရေးလုပ်ငန်းများမှာလည်း ဆောင်ရွက်လာနိုင်ကြပြီဖြစ်သည်။ တရုတ်နိုင်ငံ မြောက်ပိုင်းဟူဘေ ပြည်နယ်ရှိ ထျန်းရှန်း အဖွဲ့အစည်းမှ ထိုစက်ရုပ်များကို တီထွင်နေပြီဖြစ်ပါတယ်။
စက်ရုပ်တွေကို အဓိကအားဖြင့် လူသားတို့ရဲ့ အခန်းကဏ္ဍမှာ ပါဝင်စေသလို ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့လည်းတီထွင်ခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ အပူချိန်မြင့်မားတာတွေ၊စိုစွတ်မှုများတာတွေ လူတွေ သွားလာလှုပ်ရှားဖို့ခက်ခဲတဲ့အခြေနေမျိုးတွေမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
စက်ရုပ်များကို ကောင်းမွန်စွာအသုံးပြုနိုင်ရန် နည်းပညာများကို ထပ်မံအဆင့်မြှင့်တင်ဖို့လိုအပ်ပါတယ်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စက်ရုပ်ထုတ်လုပ်သည့် လုပ်ငန်းမှာအကြီးကျယ်ဆုံးဈေးကွက်တစ်ခုဖြစ်လာသည်။ ၂ဝ၁၅ ခုနှစ်တွင် ယခင်နှစ်ကထက် ထုတ်လုပ်မှု ၅၅ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ကျွမ်းကျင် လုပ်သားရှားပါးမှုနှင့် သက်ကြီးပိုင်းလူဦးရေတိုးပွားလာမှု ကြောင့် အဆင့်မြင့် နည်းပညာသုံး စက်ပစ္စည်းများ၊ စက်ရုပ်များ ၏အ ခန်းကဏ္ဍသည် တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာမည်ဟု ကျွမ်းကျင်သူများကလည်းဆိုသည်။ (Xinhua)