Connect with us

Videos

မလေးရှားနိုင်ငံတွင်မွေးဖွားခဲ့သော ပန်ဒါလေးအတွက် အမည်ပေး

ကွာလာလမ်ပူ ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံရောက် တရုတ်ပန်ဒါလေး က မွေးဖွားခဲ့သော ပန်ဒါပေါက်လေး ၏ အမည်ကို နွမ်နွမ် ဟု ပေးခဲ့သည်။ နွမ်နွမ် ၏ အဓိပ္ပါယ်မှာ နွေးထွေးမှုဖြစ်သည်။ တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့ အကြား နွေးထွေးစွာ ဆက်ဆံရေး ၏ အထိမ်းအမှတ်အဖြစ် ရည်ညွှန်းနိုင်ဖို့ ထိုသို့အမည်ပေးခြင်းဖြစ်သည်။
အဆိုပါ အမည်ကို မနှစ်က နိုဝင်ဘာမှ ဒီဇင်ဘာလအထိ ဝိုင်းဝန်းအကြံပြုခဲ့ကြသည့် အမည်ပေါင်း ၂၂၈၃ဝ ထဲက ရွေးထုတ်ထားခြင်းဖြစ်သည်။
ယခု နွမ်နွမ် ၏ အမည်ကို အကြံပြုပေးပို့ သူမှာ ကျောင်းဆရာမတစ်ဦးဖြစ်ပြီး ပန်ဒါများ၏ နွေးထွေးပျူငှာသည့် စရိုက်နှင့် တရုတ်၊ မလေးရှား နှစ်နိုင်ငံ ဆက်ဆံရေးနွေးထွေးကောင်းမွန်စေဖို့ရည်ရွယ်၍ ရွေးချယ်ပေးပို့ခြင်းဖြစ်သည်ဟုဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.