Connect with us

Videos

အမျိုးသမီးများခွဲခြားဆက်ဆံခံရမှုကို အသားပေးဖော်ပြထားသည့် ကာတွန်းပြပွဲ

ကိုင်ရို၊ မေ ၁ဝ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ ၏ မြို့တော် ကိုင်ရို ရှိ အနုပညာနန်းတော် တွင် မေလ ၇ ရက်နေ့က အမျိုးသမီးများခွဲခြားဆက်ဆံ ခံရမှု ကို ဆန့်ကျင်ရန် ရည်ရွယ်သည့် နိုင်ငံတကာ ကာတွန်းဆရာများ၏ လက်ရာများစုစည်းထားသော ၄ ကြိမ် မြောက် ကာတွန်းပြပွဲကို ခင်းကျင်းပြသခဲ့သည်။ တရုတ်နိုင်ငံ အပါအဝင် ဘယ်လ်ဂျီယံ၊ အီဂျစ်၊ အိန္ဒိယ၊ ဂျော်ဒန်၊ ကူဝိတ်၊ ရုရှား၊ ဆော်ဒီအာရေဗျ နှင့် အာရပ်စော်ဘွားများပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၆၄ နိုင်ငံ မှ ကာတွန်းဆရာပေါင်း ၂၇၂ ယောက်၏ ကာတွန်းလက်ရာပေါင်း ၅ဝဝ ကျော်ကို ပြသထားခြင်းဖြစ်သည်။ ၎င်းတို့၏ ကာတွန်းလက်ရာများမှာ ကျားမအခွင့်အရေး တန်းတူမရမှု၊ ခွဲခြားဆက်ဆံခံရမှု၊ အမျိုးသမီးများကို အကြမ်းဖက်ခြင်းအကြောင်းအရာများကို ထင်ဟပ်ပြသသည်။ ထို့အပြင် အမျိုးသမီးများ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ထိခိုက်နာကျင်စေခြင်း၊ ဆယ်ကျော်သက်အရွယ်ဖြင့် အဓမ္မ လက်ထပ်ရခြင်းနှင့် အမျိုးသမီးများအား လူမှု အသိုင်းအဝိုင်းတွင် စည်းခြားကန့်သတ်ခံရခြင်းစသည့် ကိစ္စ အမျိုးမျိုးတို့ကို ပေါ်လွင်စေမည့်အကြောင်းအရာများလည်းပါဝင်သည်။ တရုတ်လူမျိုးကာတွန်းဆရာများကလည်း အမျိုးသမီးများနှင့်ပတ်သက်သည့် ကာတွန်းလက်ရာများကို ပါဝင်ပြသခဲ့သည်။ ကိုင်ရိုကာတွန်းပြပွဲကို Egyptian Caricature Association က ဦးဆောင်ကာ နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.