Videos
အသက် ၇၂ နှစ်အရွယ် ယောဂဆရာ သင်တန်းအခမဲ့ဖွင့်လှစ်
ဟန်ကျိုး၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
အသက် ၇၂ နှစ်ရှိပြီဖြစ်သော လန်မင်းချောင် (Le Mingchao) ဆိုသူသည် တရုတ်နိုင်ငံ အရှေ့ပိုင်းဟန်ကျိုး တွင် ယောဂသင်တန်းအား အခမဲ့ဖွင့်လှစ်ထားသည်။ ၎င်း သင်တန်းသားများသည် အသက်လတ်ပိုင်းများနှင့် အသက်ကြီးသူများ ဖြစ်ကြသည်။ လန်မင်းချောင်သည် ယောဂကို အသက် ၆၃ နှစ် အရောက်တွင် စတင်လေ့ကျင့်ခဲ့သူ ဖြစ်သည်။ သူဟာ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် ထိုသို့လေ့ကျင့်ခြင်း ဖြစ်ကြောင်းသိရသည်။ ၉ နှစ်ခန့်ယောဂကို လေ့ကျင့်ပြီးနောက် ယောဂဆရာမှ ထုတ်ပေးသော ကျွမ်းကျင်အဆင့် လက်မှတ်ကို ရရှိသောကြောင့် ၂ဝ၁၅ ခုနှစ် မတ်လမှ စတင်ကာ ယောဂ အခမဲ့သင်တန်း တစ်ခုဖွင့်လှစ်ခဲ့သည်။ သင်တန်းကို တစ်ပါတ်လျင် ၆ ရက်ဖွင့်လှစ်ပြီး သက်ကြီးရွယ်အိုများအား ယောဂလာရောက်လေ့ကျင့်နိုင်စေရန်အဓိကထားဖွင့်လှစ်ကြောင်းသိရသည်။