Videos
အီဂျစ်လူမျိုးအနုပညာရှင် အစားအစာများဖြင့် ပုံတူပန်းချီများဖန်တီး
အီဂျစ်၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)
အသက် ၂ဝ အရွယ်ရှိ အီဂျစ် အမျိုးသမီးတစ်ဦးသည် အနှစ်သက်ဆုံး အစားအစာများဖြင့် ပုံတူပန်းချီများ၊ အနုပညာလက်ရာများကိုပြောင်မြောက်စွာဖန်တီးသူဖြစ်သည်။ Aya Hany ဟုအမည်ရသည့် သူမသည် ထိုသို့ ပုံတူပန်းချီများကိုအစားအစာများဖြင့်ဖန်တီးပြီး ပြန်လည်စားသုံးသူလဲဖြစ်သည်။ သူမ ဖန်တီးသည့် ပန်းချီထဲတွင် လက်ဖက်ရည်၊ပေါင်မုန့်ကင်၊ ဒိန်ခဲ၊အသီးအရွက်များ၊ ဆန်၊ ကော်ဖီ၊ ပျားရည် နှင့် ခရမ်းချဉ်သီးအချဉ် တို့ကိုအသုံးပြုလေ့ရှိသည်။ သူမသည် ယခုဆိုလျင် အခြားသူများကိုပါ အစားအသောက်ဖြင့် ပုံတူပန်းချီရေးဆွဲနည်းကို သင်တန်းပို့ချလျက်ရှိသည့် အပြင် အစားအသောက်များဖြင့် အနုပညာ ပြပွဲကိုလည်း ပြသခဲ့ကြောင်းသိရသည်။ (Xinhua)