Connect with us

Videos

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ် သေနတ်သမားတစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရ

မော်စကို၊ဒီဇင်ဘာ ၂ဝ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Andery Karlov သည် ဒီဇင်ဘာလ ၁၉ ရက် က တူရကီနိုင်ငံ၌ သေနတ်သမားတစ်ဦး၏ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခံရကြောင်း နှင့် သံအမတ်ကြီးအသက်ရှင်ရေးအတွက်လိုအပ်သော ဆေးဝါးကုသမှုကို ပြုလုပ်ပေးရန် ရုရှားနိုင်ငံက တူရကီနိုင်ငံကို တိုက်တွန်းတောင်းဆိုခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့သည်။

၎င်းတိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် ရုရှားနိုင်ငံက ကြေညာခဲ့ပြီး ၊ ရုရှားထောက်လှမ်းရေးကော်မတီက သံတမန်နည်းလမ်းအရ အမှုဖွင့်ထားပြီး လုပ်ကြံသတ်ဖြတ်ခြင်း ပြစ်မှုတစ်ခုဟု ဆိုသည်။

+ရုရှားသံအမတ် သတ်ဖြတ်ခံရခြင်းအပေါ် တရားဥပဒေကြောင်းအရ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တူရကီနိုင်ငံ ပြောကြားခဲ့သည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ယနေ့( ဒီဇင်ဘာလ ၂ဝ ရက် တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အရေးပေါ်အစည်းအဝေးတစ်ရပ်ပြုလုပ်သွားရန် ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Maria Zakharova က မော်စကိုမြို့တွင်ပြောကြားခဲ့သည်။

လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရသော သံအမတ်ကြီး Karlov ကို ၁၉၅၄ ခုနှစ်တွင်မွေးဖွားခဲ့ပြီး ၎င်းသည် ၂၀၁၃ ခုနှစ်ကတည်းက တူရကီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.